Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , Vogue မဂ္ဂဇင်းမျက်နှာဖုံးမှာ ပါဝင်လာတဲ့ Brooklyn Beckham

Vogue မဂ္ဂဇင်းမျက်နှာဖုံးမှာ ပါဝင်လာတဲ့ Brooklyn Beckham

| No comment



David Beckham နဲ့ Victoria Beckham တို့ ရဲ့ အကြီးဆုံးသား၊ အသက် ၁၆ နှစ်အရွယ် Brooklyn Beckham ဟာ Miss Vogue အောက်တိုဘာလမဂ္ဂဇင်းမျက်နှာဖုံးအတွက် ဓာတ်ပုံရိုက်ကူးခံခဲ့ပါတယ်။

Brooklyn Beckham ဟာ အာဆင်နယ်အသင်းမှာ ကစားဖူးပေမယ့် သူ့ ဘ၀ရဲ့ ရည်ရွယ်ချက်တော့ အမေရိကားကိုပြန်ပြီး တက္ကသိုလ်တက်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

“ ကျွန်တော့် A Levels စာမေးပွဲပြီးတာနဲ့ အနုပညာနဲ့ ဓာတ်ပုံပညာကို အမေရိကားမှာ သင်ယူဖို့ ကျွန်တော် ရည်ရွယ်ထားတယ်” လို့ Vogue ကို ပြောပြခဲ့ပါတယ်။

“ ဘောလုံးကစားနည်းကို ကျွန်တော်ချစ်ပါတယ်။ ဒါပေမယ့် ဓာတ်ပုံနဲ့ ရုပ်ရှင်ပညာရပ်ကို ကျွန်တော် အရူးအမူးစိတ်ဝင်စားနေတယ်။ ကျွန်တော့် စိတ်ကြိုက်ရွေးချယ်ဖို့ အတွက် စဉ်းစားနေပါတယ်။”

လေးစားအားကျမိဆုံးလူနဲ့ တွေ့ ရတဲ့အခိုက်အတန့် ကို မေးမြန်းခဲ့ရာမှာ  “ Stephen Hawking နဲ့ တွေ့ ဖို့  ကျွန်တော့်မိဘတွေက ခေါ်သွားတဲ့အခိုက်မှာ ကျွန်တော်အရမ်းနိမ့်ကျသိမ်ငယ်သွားသလို ခံစားမိတယ်” လို့ ပြောပြပါတယ်။ 

Brooklyn ဟာ သူ့ ရဲ့စတိုင်အတွက် မိဘတွေဆီက အကြံဥာဏ်တွေ ယူခဲ့တယ်လို့ ဆိုပါတယ်။ အမေဖြစ်သူ Victoria ဟာ အခုအခါမှာ ဖက်ရှင်ဒီဇိုင်နာတစ်ယောက်အဖြစ် အောင်မြင်နေပြီး David Beckham ကလည်း သူ့ ရဲ့ ခေတ်မီကြော့မော့တဲ့ဝတ်စားဆင်ယင်မှုကြောင့် နာမည်ကျော်ပါတယ်။ ဒီ့အပြင် အမေရိကားရဲ့အထင်ကရပုဂ္ဂိုလ်တွေဖြစ်တဲ့ Steve McQueen နဲ့ James Dean တို့ စတိုင်ကိုလည်း ယူရကြောင်း ပြောပါတယ်။

( Ye Wint )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#health.thithtoolwin.com

Ref: Mirror