Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , အယ်လ်ဘမ်အသစ်ကို နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ထုတ်လုပ်မယ်လို့ Adele ကြေညာ

အယ်လ်ဘမ်အသစ်ကို နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ထုတ်လုပ်မယ်လို့ Adele ကြေညာ

| No comment



ဂီတ လောက ထဲမှာ အတွေ့ကျဲနေတဲ့ Adele ဟာ သူမရဲ့ အယ်လ်ဘမ် အသစ် "25" ကို နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ထုတ်လုပ်မယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

The Someone Like You ဆိုတဲ့ သီချင်းနဲ့ အောင်မြင်ခဲ့တဲ့ Adele ဟာ သူမရဲ့ ပထမဆုံး Instagram ဓါတ်ပုံနဲ့အတူ ဒီအကြောင်းတွေကို ကြေညာခဲ့တာဖြစ်ပါတယ်။ သူမရဲ့ မျက်နှာ ကို အနီးကပ်ရိုက်ကူးထားတဲ့ ဓါတ်ပုံနဲ့အတူ ဆုပေါင်းများစွာ ရရှိထားသူ Adele က "25 ဟာနိုဝင်ဘာ၂၀ ရက်နေ့မှာ ထွက်မယ်လို့ ရေးသားထားခဲ့တာဖြစ်ပါတယ်။

ဒီတစ်ပတ် အစောပိုင်းတုန်းကလည်း Adele ဟာ ပရိတ်သတ်တွေကို သူမရဲ့ အခွေသစ်ထဲ သီချင်းနမူနာကို မိတ်ဆက်ပြသခဲ့ပြီး သူမဘာကြောင့် သီချင်းအသစ်တွေ ထုတ်လုပ်ဖို့ ကြန့်ကြာနေရတာလဲဆိုတာကို ပြောပြခဲ့ပါတယ်။

The Rolling in the Deep သီချင်းရဲ့ အဆိုတော် Adele ဟာ ၂၀၁၂ ခုနှစ်တုန်းက Skyfall ဆိုတဲ့ သီချင်းနဲ့ အောင်မြင်ခဲ့ပြီးနောက်ပိုင်းမှာ သီချင်းအသစ်ထွက်ရှိခြင်း မရှိခဲ့တော့တာပါ။ Adele ရဲ့ နောက်ဆုံးထွက်ရှိခဲ့တဲ့ အယ်လ်ဘမ် ဖြစ်တဲ့ 21 ဟာ ၂၀၁၁ မှာထွက်ရှိခဲ့တာဖြစ်ပါတယ်။

အသက် ၂၇ နှစ်ရှိနေပြီဖြစ်တဲ့ Adele ဟာလက်ရှိမှာ အသက် ၄၁ နှစ်အရွယ် Simon Konecki နဲ့တွဲနေပြီး သူတို့မှာ အသက် ၃ နှစ်အရွယ် သားလေး Angelo ကိုလည်း မွေးဖွားထားကြပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror