Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Amal Clooney ကို ချီးကျူးခဲ့တဲ့ Cindy Crawford

Amal Clooney ကို ချီးကျူးခဲ့တဲ့ Cindy Crawford

| No comment



ဟောလီးဝုဒ် မင်းသမီး ကြီး Cindy Crawford ဟာ မနှစ်က အီတလီမှာ George Clooney ရဲ့ မင်္ဂလာဆောင်ကို တက်ရောက်ပြီးကတည်းက George ရဲ့ ဇနီးဖြစ်သူ Amal Clooney နဲ့ အနီးကပ်နေထိုင်လာခဲ့တာဖြစ်ပါတယ်။ Cindy Crawford အတွက်တော့ ဘာမှ ပြောစရာမရှိပေမယ့် သူမမှာ သူမရဲ့ သူငယ်ချင်း Amal Clooney ရဲ့ ကောင်းကြောင်းတွေကို ချီးမွမ်းစရာရှိနေပါတယ်။

သူမတို့ ၂ ယောက်ဟာ သူမတို့ရဲ့ ခင်ပွန်းတွေဖြစ်ကြတဲ့ Rande Gerber ၊ George Clooney တို့နဲ့ မကြာခဏ သွားသွားလာလာရှိသလို သူမတို့ခင်ပွန်းတွေ အသစ်ထုတ်လုပ်ထားတဲ့ Tequila အရက် အသစ် အတွက်လည်း ပရိုမိုးရှင်း ဆင်းလေ့ရှိကြပါတယ်။ Cindy Crawford ရဲ့ "Becoming Cindy" ဆိုတဲ့ စာအုပ်ကို မိုင်ယာမီမှာ ပရိုးမိုးရှင်းပြုလုပ် ဖြန့်ချီစဉ်က Cindy က People မဂ္ဂဇင်း ကို ပြောပြခဲ့တာကတော့ Amal Clooney ကို သူမ သဘောကျရခြင်း အကြောင်းအရင်းက Amal ဟာ သူမအကြောင်းကို ကောင်းကောင်းသိနိုင်လို့ပါတဲ့။

"ကျွန်မ Amal Clooney ကို သဘောကျရခြင်း အကြောင်းအရင်းက သူမဟာ စိတ်ဝင်စားဖို့ ကောင်းလို့ မဟုတ်ပါဘူး။ သူမဟာ စကားပြောဖို့ အရမ်း စိတ်ဝင်စားလို့ပါ။ သူမဟာ သင့်ဘ၀ အကြောင်းတွေကိုလည်း စိတ်ဝင်စားပါတယ်။" လို့ Cindy Crawford က ဆိုပါတယ်။

"သူမဟာ ကျွန်မ ကလေးတွေကိုလည်း သူတို့လေးတွေအကြောင်း ပြောပြနိုင်တယ်။ ကျွန်မနဲ့လည်း ကျွန်မ စာအုပ်အကြောင်း ၊ ကျွန်မ လုပ်ငန်း တွေအကြောင်း အားလုံးပြောပြနိုင်တယ်" လို့ သူမက ထည့်သွင်းပြောပြခဲ့ပါတယ်။

Cindy Crawford ဟာလည်း ကမ္ဘာကျော် စူပါမော်ဒယ်လ် တစ်ယောက်အဖြစ် နှစ်ပေါင်း ၃၀ ကျော်ရပ်တည်လာခဲ့သူတစ်ယောက် ဖြစ်တဲ့အလျောက် သူမသူငယ်ချင်း Amal ရဲ့ စတိုင်လ် အကြောင်းတွေကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

"Amal ဟာ အရမ်းကို ဖက်ရှင် အမြင်ရှိတဲ့သူတစ်ယောက်ပါ။သူမအနေနဲ့ ကျွန်မရဲ့ အကြံဥာဏ်တွေရယူဖို့လောက်ထိ မလိုအပ်ပါဘူး။ကျွန်မတို့ ဖက်ရှင်ကြောင်းပြောကြရင်လည်း မဂ္ဂဇင်းတွေထဲကလိုတော့မဟုတ်ပါဘူး။အဲဒီထက်ပိုပါတယ်။ သူမက ကျွန်မကို မေးပါတယ်။ ကျွန်မအကြိုက်ဆုံး ဓါတ်ပုံဆရာက ဘယ်သူလဲပေါ့။အဲဒီလိုပဲ သူမက ကျွန်မရဲ့ ဘ၀ကိုလည်း စိတ်ဝင်စားတတ်သူတစ်ယောက်ပါ" ။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse