Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / အသက်ငါးဆယ်အရွယ် မင်းသမီးရဲ့အိနြေ္ဒအပြည့်နဲ့ Bikini နဲ့အလှ

အသက်ငါးဆယ်အရွယ် မင်းသမီးရဲ့အိနြေ္ဒအပြည့်နဲ့ Bikini နဲ့အလှ

| No comment





Estée Lauder ရဲ့ မော်ဒယ်တစ်ယောက်ဖြစ်ခဲ့တဲ့ Elizabeth Hurley ဟာ ကမ်းခြေမှာ သူမရဲ့ သားဖြစ်သူနဲ့ ကမ်းခြေတစ်ခုမှာ သွားရောက်  အနားယူနေတာပါ။ သူမဟာ ပင်လယ်ကမ်းခြေမှာ Bikini အဝါရောင်နဲ့ ပျိုမြစ်ဆဲ ခန္ဒာကိုယ်အလှကို ပြသခဲ့ပါတယ်။ ၁၃ နှစ်အရွယ်သားဖြစ်သူကလည်း Brooklyn Beckham လိုမျိုး အတော်ကြီးချောလာတာကို တွေ့ရပါတယ်လို့ သတင်းတွေက ရေးသားခဲ့ကြပါတယ်။


သူမကို ၂၀၀၅ နောက်ပိုင်းတည်းက Bikini နဲ့ မမြင်ရတော့တာဖြစ်တယ်လို့လည်း သိရပါတယ်။ သူမဟည အခုလိုမျိုး အလှအပကို ထိန်းသိမ်းဖို့အတွက် ကယ်လိုရီများတဲ့ အစားအစာတွေကို လျှော့စားခဲ့ပြီး အသီးအနှံတွေ များများစားခဲ့တယ်လို့လည်း သိရပါတယ်။
" ကျွန်မ ဂျင်းဘောင်းဘီ ဝတ်ရင် အမြဲလိုလိုကျပ်နေတယ်။ ဝနေခဲ့တယ်။ ဒါကြောင့် ညစာကို လျှော့စားဖြစ်ခဲ့ပြီး အသီးအနှံတွေ တော်တော်များများကို စားသုံးခဲ့ပါတယ် " လို့ သူမက ပြောပြခဲ့ပါတယ်။



သူမဟာ လွန်ခဲ့တဲ့ ဇွန်လက အသက်ငါးဆယ်ပြည့်ခဲ့ပေမယ့်လည်း အရွယ်နဲ့ မလိုက်အောင် နုပျိုနေခဲ့တာပါ။ မီဒီယာတွေကတော့ ဒီမင်းသမီးရဲ့ သတင်းကို အကျယ်တဝင့် ရေးသားခော်ပြခဲ့ကြတာကိုလည်း တွေ့ရပါတယ်။


(Paing A K)

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref :Mirror