Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Billboard မှာ နံပါတ် ၁ ဖြစ်နေတဲ့ Selena Gomez ရဲ့ အယ်လ်ဘမ် အသစ်

Billboard မှာ နံပါတ် ၁ ဖြစ်နေတဲ့ Selena Gomez ရဲ့ အယ်လ်ဘမ် အသစ်

| No comment



ပေါ့ပ် အဆိုတော်မလေး Selena Gomez ဟာ သူမရဲ့ ဒုတိယ မြောက်အယ်လ်ဘမ် Revival ကို Billboard 200 စာရင်းမှာ နံပါတ် ၁ နေရာက ရပ်တည်နေနိုင်အောင် ဖန်တီးလိုက်ပါပြီ။

သူမရဲ့ Revival အယ်လ်ဘမ်ဟာ 117000 အယ်လ်ဘမ် အချပ်ရေ တွေကို ရောင်းချနိုင်ခဲ့ပါတယ်။ ဒါဟာလည်း Billboard က အခွေထွက်ပြီး ပထမဆုံး အပတ်ရဲ့ သာမန် အခွေရောင်းအားနဲ့ ဒစ်ဂျစ်တယ် အယ်လ်ဘမ် ရောင်းအားကို တွက်ချက်ဖော်ပြထားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အပတ်က ပွဲဦးထွက် ရလဒ်တွေကောင်းခဲ့ပြီး အချပ်ရေ စုစုပေါင်း ၉၅,၀၀၀ အထိ ရောင်းချနိုင်ခဲ့တဲ့ The Game ရဲ့ "The Documentary 2" ကတော့ အဆင့် ၇ နေရာ အထိ ကျဆင်းသွားခဲ့ပါတယ်။

The Weekend ရဲ့ "Beauty Behind the Madness" ဆိုတဲ့ အခွေကတော့ အချပ်ရေ ၇၇,၀၀၀ ရောင်းချပြီး တတိယ နေရာမှာ ရပ်တည်နေပါတယ်။ Fetty Wrap ရဲ့ အခွေကတော့ အချပ်ရေ ၅၃၀၀၀ ရောင်းချနိုင်ခဲ့ပါတယ်။Drake နဲ့ Future ရဲ့ "What A Time To Be Alive" ဆိုတဲ့ အခွေကတော့ အချပ်ရေ ၄၉၀၀၀ သာ ရောင်းချနိုင်ခဲ့ပြီး နံပါတ် ၅ နေရာမှာ ရပ်တည်နေပါတယ်။

အသက် ၂၃ နှစ်အရွယ် Selena Gomez ဟာ ဒီနှစ်ရဲ့ American Music Awards ဆုပေးပွဲမှာလည်း ပါဝင်ဖျော်ဖြေမယ်လို့ နိုဝင်ဘာ ၂၂ ရက်နေ့က သူမရဲ့ Twitter အကောင့်မှာ ဖော်ပြထားပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse