Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ဂန္တ၀င် ကန်းထရီး အဆိုတော်ကြီး Billy Joe Royal ကွယ်လွန်

ဂန္တ၀င် ကန်းထရီး အဆိုတော်ကြီး Billy Joe Royal ကွယ်လွန်

| No comment



ကန်းထရီး ဂီတ မှာ ကြယ်ပွင့်တစ်ယောက်ဖြစ်တဲ့ Billy Joe Royal ဟာ အသက် ၇၃ နှစ်မှာ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။

ကန်းထရီး နဲ့ ပေါ့ပ် သီချင်းတွေ သီဆိုခဲ့တဲ့ ကြယ်ပွင့် Billy Joe Royal ဟာ အင်္ဂါနေ့ကပဲ အိပ်ပျော်နေရင်း နဲ့ကွယ်လွန်သွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ သူဟာသူ့ရဲ့ မြောက်ကယ်ရိုလိုင်းနားမှာရှိတဲ့ နေအိမ်မှာပဲ မမျှော်လင့်စွာ ကွယ်လွန်သွားခဲ့ကြောင်းကိုလည်း သူ့ရဲ့ လူထုဆက်ဆံရေး ၀န်ထမ်းက အတည်ပြုပြောကြားခဲ့ပါတယ်။

Billy Joe ဟာ ၁၉၆၀ ခုနှစ်နောက်ပိုင်းကာလတွေမှာ စတင်ကျော်ကြားလာခဲ့ပြီး Columbia ဓါတ်ပြားတိုက်နဲ့ စာချုပ်ချုပ်ဆိုခဲ့ပြီး သူ့ရဲ့ အအောင်မြင်ခဲ့ဆုံး သီချင်းတွေကတော့ Down in the Boondocks နဲ့ I Knew You When ဆိုတဲ့ သီချင်းတွေပဲ ဖြစ်ပါတယ်။ သူဟာ နာမည်ကြီးပြီးတဲ့ နောက်ပိုင်းမှာတော့ ဓါတ်ပြားတိုက် အသေးစားလေးတွေနဲ့သာ တောက်လျှောက် အလုပ်လုပ်ခဲ့ပြီး နောက်ဆုံးမှာတော့ Atlantic ဓါတ်ပြားတိုက်နဲ့ ဆက်လက် အလုပ်လုပ်ခဲ့တယ်လို့ သိရပါတယ်။

၁၉၈၀ ခုနှစ်နောက်ပိုင်းကာလတွေမှာတော့ သူဟာ အမေရိကန် ကန်းထရီး ဂီတ နယ်ပယ်မှာ Tell It Like It Is နဲ့ Till I Can't Take It Anymore ဆိုတဲ့ သီချင်းတွေကို ထုတ်လုပ်ပြီး ဆက်လက်အောင်မြင်မှု ရခဲ့ပါတယ်။

Royal ဟာ ၁၉၈၈ ခုနှစ်မှာတော့ Georgia Music Hall of Fame ရဲ့ ဂုဏ်ထူးဆောင်ဘွဲ့ပေးအပ်ခြင်းခံရပြီး သူဟာ Ray Charles ၊ Lynyrd Skynyrd ၊ Otis Reading နဲ့ James Brown တို့လိုပဲ ဂန္တ၀င် အဆိုတော်တစ်ယောက် အဖြစ် ဆက်လက်ရပ်တည်လာခဲ့တာဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror