Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ဂျက်စတင်ဘီဘာ စင်ပေါ်မှာ ဆေးခြောက်သောက်တဲ့ ဗီဒီယို ထွက်ပေါ်လာ

ဂျက်စတင်ဘီဘာ စင်ပေါ်မှာ ဆေးခြောက်သောက်တဲ့ ဗီဒီယို ထွက်ပေါ်လာ

| No comment



ဆယ်ကျော်သက်တို့ရဲ့ အသည်းစွဲ Justin Bieber တစ်ယောက် သူ့ရဲ့ အကျင့်ဆိုးတွေ ပြန်လည် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

TMZ သတင်းဌာနက ဖော်ပြထားတဲ့ ဗီဒီယိုထဲမှာတော နယူးဇီလန် နိုင်ငံ ၊ Auckland မြို့မှာ ကြာသပတေးနေ့က့  What Do You Mean သီချင်းရဲ့ အဆိုတော် ဘီဘာဟာ စင်မြင့်ပေါ်မှာ Hennessy အရက်တွေ သောက်ပြီး ဆေးခြောက် ရှုရှိုက်နေတာကို တွေ့လိုက်ရပါတယ်။

E! သတင်းဌာနက ဖော်ပြခဲ့တာကလည်း မျက်မြင်သက်သေတစ်ယောက်ဟာ ဘီဘာ နဲ့ ရေပန်းစားနေတဲ့ ရက်ပ်ပါ Rae Sremmurd တို့ ၂ ယောက်ဟာ Hennessy ပုလင်းကို ကိုင်မြှောက်ပြီး ဆေးခြောက် တစ်လိပ်ကို သောက်နေတာကို ဗီဒီယို မှတ်တမ်းတင်ထားခဲ့တာ ဖြစ်ပါတယ်။ ဂျက်စတင် ဘီဘာ ရဲ့ Instagram မှာတော့ သူ့ရဲ့ စင်မြင့်ပေါ်က လှုပ်ရှားမှု ပုံတွေကို ရိုက်ကူးထားတဲ့ ဗီဒီယိုကို Post လုပ်ထားပေမယ့် ထို ဗီဒီယို ထဲမှာတော့ မူးယစ်ဆေးဝါးနဲ့ ယမကာ မှီဝဲ ထားတဲ့ အရိပ်အယောင်ကို မပြထားပါဘူး။

၂၀၁၄ ခုနှစ်တုန်းကတော့ ဂျက်စတင်ဘီဘာ ဟာ မိုင်ယာမီမှာ မူးယစ် သံသယ မှု နဲ့ အဖမ်းခံခဲ့ရပြီး ဆေး စစ်ကြည့်တဲ့အခါမှာလည်း ဆေးခြောက်သုံးစွဲထားကြောင်းကို တွေ့ခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ ဂျက်စတင်ဘီဘာ က မိုင်ယာမီ မြို့နဲ့ ဝေးဝေးမှာပဲ နေတော့မယ်လို့ ဆိုထားပါသေးတယ်။

အသက် ၂၁ နှစ်ရှိနေပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ ဟာ သူ့ရဲ့ ပုံရိပ်တွေကို ဒီနှစ်ထဲမှာ ပြန်လည် အဖတ်ဆယ်ဖို့ ကြိုးစားနေပြီး အမြဲတမ်း ပါတီ ပွဲကျင်းပနေတဲ့ အကျင့်ကို ပြောင်းလဲတော့မယ်လို့ ဆိုထားတာ သိပ်မကြာသေးပါဘူး။



( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Upi