Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ပြင်သစ်သရုပ်ဆောင်မလေးနဲ့ တွဲခုတ်နေတယ်လို့ ထင်ရတဲ့ Brooklyn Beckham

ပြင်သစ်သရုပ်ဆောင်မလေးနဲ့ တွဲခုတ်နေတယ်လို့ ထင်ရတဲ့ Brooklyn Beckham

| No comment



အသက် ၁၆ နှစ်အရွယ်သာရှိသေးတဲ့ Brooklyn Beckham ဟာ သူနဲ့ ရွယ်တူ ပြင်သစ်သရုပ်ဆောင်မလေးနဲ့ တွဲခုတ်နေတယ်လို့ ထင်ကြေးပေးနေကြပါတယ်။ Sonia Ben Amma လို့ အမည်ရတဲ့ ပြင်သစ်သရုပ်ဆောင်မလေးဟာလည်း အသက် ၁၆ နှစ်အရွယ်သာရှိသေးပြီး  Brooklyn Beckham  နဲ့ လိုက်ဖက်တာကိုလည်း တွေ့ရပါတယ်။


စနေနေ့က Hollywood Bowl  မှာ ပြုလုပ်တဲ့  concert တစ်ခုမှာ Brooklyn ရဲ့ ပါးကို Sonia က သူမရဲ့လက်တွေနဲ့ ညှင်ညှင်သာသာလေးပွတ်သပ်ပေးနေပြီး Brooklyn ကလည်း သူမရဲ့ မျက်လုံးတွေကို ပြုံးပြုံးကြီး စိုက်ကြည့်နေတာကို ဓာတ်ပုံတွေထဲမှာ ထင်ထင်ရှားရှားတွေ့ခဲ့ရတာပါ။ အဲ့ဒီရဲ့ concert ကို Brooklyn ရဲ့ ရည်းစားဟောင်းဖြစ်တဲ့  Chloe Moretz  ကလည်း ထူးထူးခြားခြားတက်ရောက်လာတယ်လို့လည်း သိရပါတယ်။


သူတို့ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းကလည်း Paris မြို့ထဲမှာ Date လုပ်ခဲ့ကြပြီး လျှောက်လည်ခဲ့ကြတယ်လို့လည်း သိရပါတယ်။
သူတို့ရဲ့ ဆယ်ကျော်သက်စုံတွဲဟာ အခုလောလောဆယ်မှာ မီဒီယာတွေရဲ့ ပစ်မှတ်ဖြစ်နေပေမယ့်လည်း အနေအထားမပျက်ပဲ ဆက်လက်တွဲခုတ်နေကြတာကြောင့် သူတို့ အချစ်ဇာတ်လမ်းက တကယ်ဖြစ်လာမလားဆိုတာကတော့ စောင့်ကြည့်ရတော့မှာပါ။
သူတို့နှစ်ယောက်ဟာ မိသားစုအသီးသီးနဲ့ မော်လ်ဒိုက်ဗ်မှာ အပန်းဖြေရင်း ပထမဆုံးဆုံတွေ့ ခဲ့ကြတာဖြစ်တယ်လို့လည်း သိရပါတယ်။



(Paing A K)

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Dailymail