Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Chris Rock က ၂၀၁၆ ခုနှစ် အော်စကာဆုပေးပွဲမှာ အစီစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်မည်

Chris Rock က ၂၀၁၆ ခုနှစ် အော်စကာဆုပေးပွဲမှာ အစီစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်မည်

| No comment




ဟာသသရုပ်ဆောင် Chris Rock က ၂၀၁၆ ခုနှစ် အော်စကာဆုပေးပွဲမှာ အစီစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်ဖွယ်ရှိကြောင်း သိရှိရပါတယ်။

သရုပ်ဆောင်ကောင်းပြီး ဟာသသရုပ်ဆောင်အဖြစ် အောင်မြင်ကျော်ကြားနေတဲ့ မင်းသားဟာ ဒုတိယအကြိမ်အဖြစ် အော်စကာဆုပေးပွဲမှာ အစီစဉ်တင်ဆက်ပေးမှာဖြစ်ပါတယ်။ Rock က ၂၀၁၅ ခုနှစ်က ပထမအကြိမ်အဖြစ် အစီစဉ်တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ ကြည့်ရှုသူပရိတ်သတ်တွေနဲ့ ဝေဖန်ရေးသမားတွေကြားမှာ ရေပန်းစားခဲ့ပေမယ့် ဟောလိဝုဒ်က ရုပ်ရှင်လောကမှာတော့ သဘောမကျသူတွေလည်း ရှိနေပါတယ်။

Rock က အော်စကာ ဆုပေးပွဲ ပူးပေါင်းစီစဉ်သူအသစ်ဖြစ်ပြီး Rock ရဲ့အောင်မြင်ခဲ့တဲ့ Every Body Hates Chris ဇာတ်လမ်းတွဲရဲ့ ဒါရိုက်တာ  Reginald Hudlin နဲ့ ရင်းနှီးမှုရှိပါတယ်။

နောက်ထပ် ပူးပေါင်းစီစဉ်သူ David Hill ကတော့ American Idol နဲ့ Fox Sports တို့မှာ အောင်မြင်နေတဲ့ တီဗီဇာတ်လမ်းတွဲသရုပ်ဆောင် ဖြစ်ပါတယ်။

စီစဉ်သူနှစ်ဦးကတော့ ၂၀၁၆ခုနှစ် အော်စကာဆုပေးပွဲမှာ ပုံမှန်အစီအစဉ်တွေအပြင် အစီစဉ်သစ်တွေကိုလည်း ထည့်သွင်းသွားမယ်လို့ ကတိပေး ထားပါသေးတယ်။

၂၀၁၆ခုနှစ် အော်စကာဆုပေးပွဲအခမ်းအနားကို ၂၀၁၆ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ရက်နေ့မှာ ဟောလိဝုဒ် Dolby ပြဇာတ်ရုံမှာ ကျင်းပမှာဖြစ်ပြီး တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှာ ဖြစ်ပါတယ်။

( Michelle )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Upi