Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Cindy Crawford နဲ့ အိပ်ယာ တစ်ခုထဲမှာ အတူရှိခဲ့တဲ့အကြောင်းတွေကို George Clooney ဖွင့်ဟ

Cindy Crawford နဲ့ အိပ်ယာ တစ်ခုထဲမှာ အတူရှိခဲ့တဲ့အကြောင်းတွေကို George Clooney ဖွင့်ဟ

| No comment



George Clooney ဟာ ဟောဒီးလုဒ် မင်းသမီးကြီး Cindy Crawford နဲ့ အိပ်ယာ ထဲမှာ အတူတူ ရှိခဲ့တဲ့ အကြောင်းတွေကို ထုတ်ဖော် ပြောကြား လိုက်ပါတယ်။ ဒါဟာ ထူးတော့ထူးဆန်းနေပါတယ်။ ဒါပေမယ့် ဒါတွေရဲ့ အပြစ်ဟာ Tequila ကြောင့်ပါ။

People မဂ္ဂဇင်း ရဲ့ ဖော်ပြချက်အရတော့ George Clooney နဲ့ ဇနီး Amal Clooney တို့ဟာ ငယ်သူငယ်ချင်းတွေဖြစ်ကြတဲ့ Cindy Crawford နဲ့ သူမရဲ့ ခင်ပွန်း Rande Gerber ၊ Matt Damon နဲ့ ဇနီး Luciana တို့နဲ့အတူ လန်ဒန်မြို့က Notting Hill Section ကို ညဘက် လျှောက်လည်ကြရင်း တွေ့ဆုံခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ တစ်ပတ်ကပဲ George Clooney နဲ့ Amal တို့ဟာ အိမ်ထောင်သက် ၁ နှစ်ပြည့်ကို ဆင်နွှဲထားကြတာပါ။

အခုတော့ George နဲ့ Cindy နဲ့ကြားထဲမှာ သံသယ ဖြစ်စရာတွေပေါ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက အသက် ၅၄ နှစ်အရွယ် George နဲ့ Amal တို့ဟာ လန်ဒန်မြို့မှာ Cindy Crawford နဲ့ Rande တို့ Tequila တစ်မျိုးကို စတင် မိတ်ဆက်တဲ့ပွဲမှာ ကူညီဖို့ရောက်ရှိနေခဲ့ကြပါတယ်။ ပြီးတော့ Cindy Crawford ရဲ့ စာအုပ် အသစ်ထွက်ရှိပွဲကို ကူညီဖို့အတွက်လည်း George Clooney က ရောက်ရှိနေတာပါ။

အဲဒီနေ့ညမှာပဲ Tequila တွေသောက်ထားတဲ့အရှိန်ကြောင့် အားလုံး မူးနေခဲ့ပြီး နောက်နေ့မှာမှ Condy Crawford ဟာ George Clooney ရဲ့ အိပ်ယာထဲရောက်နေခဲ့တဲ့ အကြောင်းတွေကို George Clooney က ထုတ်ဖော်ပြောကြားလာခဲ့တာဖြစ်ပါတယ်။

"သူမဟာ သူမကိုသူမ မကုညီနိုင်တာ မင်းသိမှာပါ။ ငါတို့ သူမတို့အိမ်မှာ သောက်ကြပြီး အိမ်မပြန်နိုင်တော့တဲ့အခါမှာ အရယ်ရဆုံး အရက်မူးတဲ့ည တစ်ည ဖြစ်လာပါတယ်။ သူမတို့ကလေးတွေက သူမတို့ အိပ်ယာထဲမှာ အိပ်နေတဲ့အတွက် သူမက သူမခင်ပွန်း Rande ကို တစ်ခြားအခန်းထဲမှာ ရှိနေမယ်လို့ထင်ခဲ့ပါတယ်။ အဲဒီမှာသူမက ငါ့ကို Rande လို့ထင်သွားပြီး ငါနဲ့ အတူတူ ၀င်အိပ်ခဲ့တာပါ။ အရမ်းရယ်ရပါတယ်" လို့ George Clooney က ပြောပြပါတယ်။

George Clooney နဲ့ Cindy Crawford တို့ဟာ အိပ်ယာတစ်ခုထဲမှာ အတူတူရှိနေခဲ့ကြပြီး သူတို့ရဲ့ အိမ်ထောင်ဖက်တွေ စိတ်ပူစရာတော့ တစ်ခုမှ မဖြစ်ခဲ့ဘူးလို့ ဆိုပါတယ်။ ဒါပေမယ့်လည်း သူတို့ အသက်အရွယ်အတွက် ဇာတ်လမ်းတွေ မရှိခဲ့ဘူးလို့ မဆိုနိုင်သလို Tequila ဟာ လူတွေကို အမြဲတမ်း မှားယွင်းမှု တွေဖြစ်စေနိုင်ပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse