Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , လည်ပင်းမှာ နှင်းဆီပုံ တက်တူး အသစ်ထိုးခဲ့တဲ့ David Beckham

လည်ပင်းမှာ နှင်းဆီပုံ တက်တူး အသစ်ထိုးခဲ့တဲ့ David Beckham

| No comment



ဘောလုံးလောက မှာ အနားယူပြီး သရုပ်ဆောင်လောက မှာ ခြေချဖို့ ကြိုးစားနေတဲ့ David Beckham ဟာ သူ့ရဲ့ လည်ပင်းမှာ နှင်းဆီပုံ တက်တူးအသစ်တစ်ခုကို ထိုးခဲ့တယ်လို့ သိရပါတယ်။

ှSpice Girl ဆိုတဲ့ ပေါ့ပ် အဆိုရှင် အဖွဲ့ဝင်တစ်ယောက်အဖြစ်ကနေ ဖက်ရှင် ဒီဇိုင်နာ တစ်ယောက်အဖြစ် ပြောင်းလဲလာခဲ့တဲ့ Victoria Beckham ဟာ သူမရဲ့ ခင်ပွန်းဖြစ်သူ David Beckham တစ်ယောက် နေရောင်အောက်မှာ အနားယူနေတဲ့ ဓါတ်ပုံတစ်ပုံနဲ့ အတူ ဘက်ခ်ဟမ်းရဲ့ တက်တူးအသစ်ကို ပြသခဲ့တာဖြစ်ပါတယ်။

David Beckham ရဲ့ နောက်ဆုံးထိုးထားတဲ့ တက်တူးတစ်ခုဟာ သူတို့ ဇနီးမောင်နှံရဲ့ အငယ်ဆုံး သမီးလေးကို ရည်စူးပြီး "Pretty Lady Harper" ဆိုတဲ့ စာသားကိုလည်ပင်းမှာ ထိုးထားခဲ့တာဖြစ်ပြီး အခုတော့ အဲဒီတက်တူး ရဲ့ အပေါ်မှာ နှင်းဆီပန်း အကြီးကြီး တစ်ပွင့်ကို ထပ်ထိုးလိုက်တာပဲ ဖြစ်ပါတယ်။

လက်ရှိ အချိန်တွေကို ဗြိတိန် နဲ့ အမေရိက ကို ကူးချည်သန်းချည်နဲ့ ကုန်ဆုံးနေရတဲ့ ဘောလုံးသမားဟောင်း David Beckham ဟာ သူ့ရဲ့ ရင်အုပ် နဲ့ အမွှေးအမျှင်တွေကို ဖော်ပြထားတဲ့ ဓါတ်ပုံထဲမှာတော့ အရင်လိုပဲ ယောကျာင်္းဆန်ပြီး ချောမောနေဆဲပါ။

"Happy Friday x kisses from Los Angeles" ဆိုတဲ့ ခေါင်းစဉ်နဲ့ Victoria Beckham တင်ထားတဲ့ Instagram ဓါတ်ပုံမှာတော့ Like စုစုပေါင်း ၈၀၀၀၀ ခန့် ရရှိခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror