Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Drake နဲ့ Beyonce ရဲ့ Can I ဆိုတဲ့သီချင်းအသစ်ကို Apple Music က တဆင့် ဖြန့်ချီ

Drake နဲ့ Beyonce ရဲ့ Can I ဆိုတဲ့သီချင်းအသစ်ကို Apple Music က တဆင့် ဖြန့်ချီ

| No comment



ဂီတ ပရိတ်သတ် တွေဟာ ဒီ တစ်ပါတ်မှာတော့ ကမ္ဘာမှာ အကြီးဆုံး ဂီတ ကြယ်ပွင့် ၂ ယောက်ရဲ့ သီချင်း အသစ်တစ်ပုဒ်ကို နားထောင်လိုက်ရပါတယ်။

အဲဒီသီချင်းကတော့ ကနေဒီယန် ရက်ပ်ပါ Drake ရဲ့ သီချင်းအသစ်ဖြစ်ပြီး သီချင်းနာမည်ကတော့ Can I လို့ ခေါ်ပါတယ်။ ဒီသီချင်းမှာ Drake နဲ့ အတူတူ သီဆိုပေးထားတာကတော့ Beyonce ပဲ ဖြစ်ပါတယ်။

ဒီသီချင်းဟာ Drake နဲ့ Beyonce တို့ ၂ ယောာက်အတွက် ဒုတိယ အကြိမ်မြောက် ပူးပေါင်းပြီး ဖန်တီးထားတာဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာတုန်းကတော့ Drake ဟာ Beyonce ရဲ့ Mine ဆိုတဲ့သီချင်းထဲမှာ ပါဝင်သီဆိုပေးခဲ့ဖူးပါတယ်။

Can I ဆိုတဲ့ သီချင်းကို Apple Music ကနေ ဖြန့်ချီခဲ့ခြင်းနဲ့ ပတ်သက်ပြီး ဂီတ လောက ကို စောင့်ကြည့်သုံးသပ်သူတွေကတော့ မျက်ခုံးတွန့်သွားခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ Beyonce ရဲ့ ခင်ပွန်းဖြစ်သူ Jay-Z ဟာ Tidal ဆိုတဲ့ ဂီတ ၀န်ဆောင်မှု လုပ်ငန်းကို အဓိက ဆောင်ရွက်နေသူဖြစ်ပြီး အခုတော့ Beyonce ပါဝင်သီဆိုထားတဲ့ သီချင်းဟာ Tidal နဲ့ ပြိုင်ဘက်ဖြစ်တဲ့ Apple Music ကနေ ထွက်ပေါ်လာခဲ့တာပါ။

Can I ရဲ့ ဗားရှင်းတစ်မျိုးဟာ ဒီနှစ်အစောပိုင်းတုန်းက အင်တာနက်က တစ်ဆင့် ထွက်ပေါ်လာခဲ့ပေမယ့် ဒီနောက်ဆုံး သီချင်းကတော့ အခုမှ ပထမဆုံး အကြိမ်ထွက်ပေါ်လာတာပါ။ ဒီ သီချင်းထွက်ပေါ်လာခြင်းဟာ လူမှုကွန်ရက်တွေမှာတော့ Drake ရဲ့ အသစ်ထွက်ရှိလာမယ့် အယ်လ်ဘမ် အတွက် အမြည်း အနေနဲ့ နားဆင်ခွင့်ပေးတာ ဖြစ်တယ်လို့ သုံးသပ်ရေးသားနေကြပြီး ထို အယ်လ်ဘမ် ထွက်ရှိမယ့် နေ့အတိအကျတော့ မသိရသေးပါဘူး။

Drake ဟာ မကြာသေးမီကပဲ ရက်ပ်အဆိုတော် Meek Mill နဲ့ Beef (ပြသနာ) တွေတက်ခဲ့ပြီး အပြန်အလှန် သီချင်း နဲ့ တိုက်ခိုက် သီဆိုခဲ့ရာမှာ ဂီတ လောက သား တော်တော်များများ က ထို ယှဉ်ပြိုင်တိုက်ခိုက်မှုမှာ Drake က လွယ်လွယ်ကူကူ အနိုင်ရခဲ့တယ်လို့ ဆိုကြပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse