Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ကမ္ဘာ့ဆွဲဆောင်မှုအရှိဆုံး သက်ရှိထင်ရှားအမျိုးသမီး အဖြစ်သတ်မှတ်ခံရတဲ့ Emilia Clarke

ကမ္ဘာ့ဆွဲဆောင်မှုအရှိဆုံး သက်ရှိထင်ရှားအမျိုးသမီး အဖြစ်သတ်မှတ်ခံရတဲ့ Emilia Clarke

| No comment



"Game of Thrones" ဇာတ်လမ်းတွဲရဲ့ ကြယ်ပွင့်တစ်ယောက်ဖြစ်တဲ့ မင်းသမီး Emilia Clarke ဟာ ၂၀၁၅ ခုနှစ်အတွက် ကမ္ဘာ့ သက်ရှိထင်ရှား ဆွဲဆောင်မှု အရှိဆုံး အမျိုးသမီး အဖြစ် Esquire မဂ္ဂဇင်းရဲ့ သတ်မှတ်ခြင်းကိုခံခဲ့ရပါတယ်။

အသက် ၂၈ နှစ်အရွယ် ဗြိတိန် ကြယ်ပွင့်လေးဟာ ပြီးခဲ့တဲ့ တနလာင်္နေ့ညကပဲ ဒီနှစ်အတွက် ဆွဲဆောင်မှုအရှိဆုံး အမျိုးသမီး အဖြစ်သတ်မှတ်ခံခဲ့ရသလို သူမရဲ့ ဆွဲဆောင်မှုရှိလှတဲ့ မလုံ့တလုံ ဓါတ်ပုံတွေကိုလည်း Esquire မဂ္ဂဇင်းက Online မှာ ပြသခဲ့ပါတယ်။

Emilia Clarke က ပြောပြခဲ့တာကတော့ Game of Thrones ဇာတ်လမ်း ထဲက သူမရဲ့ ဇာတ်ကောင်ဟာ ရင့်ကျက်မှုရှိနေပြီဆိုပေမယ့်လည်း Season One မှာတုန်းက စတင်သရုပ်ဆောင်ခဲ့ရတဲ့ အဖော်အချွတ် ဇာတ်ဝင်ခန်းတွေကတော့ သူမအတွက် ရိုက်ကူးရေး အခက်အခဲတွေကြုံခဲ့ရပြီး အဆင်မပြေဖြစ်ခဲ့ရတယ်လို့ ဆိုထားပါတယ်။

"တစ်ချိန်တုန်းကတော့ ကျွန်မမှာ အခက်အခဲတွေရှိခဲ့ပါတယ်။ အဲဒီတော့ ကျွန်မ လက်ဖက်ရည်တစ်ခွက်သောက်ခွင့်တောင်းလိုက်တယ် ၊ ပြီးတော့ ငိုလိုက်တယ် ပြီးတော့ နောက်တစ်ခန်းရိုက်ဖို့ အဆင်သင့်ဖြစ်သွားခဲ့ပါတယ်။ ကျွန်မ မှာ ဇာတ်ညွှန်းပြောပြထားခြင်းလည်းမရှိသလို စာအုပ်ဖတ်ဖို့လည်း အချိန်မရလိုက်တဲ့ ဇာတ်ဝင်ခန်း ၂ ခန်းရှိခဲ့ပါတယ်။ အဲဒါကြောင့် ကျွန်မလည်း မင်းသားတွေဘယ်လို သရုပ်ဆောင်တယ်ဆိုတာလေ့လာပြီး wikipedia ကနေ ကိုးကားခဲ့ရပါတယ်" လို့ သူမကဆိုပါတယ်။

ပြီးခဲ့တဲ့ လတုန်းကလည်း Emilia Clarke ဟာ GQ မဂ္ဂဇင်းရဲ့ Woman of the Year ဆိုတဲ့ဆုကို လန်ဒန်မြို့မှာ လက်ခံရရှိခဲ့ပါတယ်။ အခု သူမ ရရှိခဲ့တဲ့ ကမ္ဘာ့ဆွဲဆောင်မှု အရှိဆုံး သက်ရှိထင်ရှား အမျိုးသမီး ဆုကိုတော့ ၂၀၁၄ ခုနှစ်တုန်းက Penelope Cruz က ရရှိခဲ့ပြီး ၂၀၁၃ မှာ Scarlett Johansson က ရရှိခဲ့ကာ ၂၀၁၂ ခုနှစ်မှာ Mila Kunis က ရရှိခဲ့တာဖြစ်ပါတယ်။





( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse