Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / ပွဲဦးထွက်အယ်လ်ဘမ်နဲ့တင် နံပါတ်တစ်ချိတ်ခဲ့တဲ့ ရပ်ပ်ပါ Fetty Wap

ပွဲဦးထွက်အယ်လ်ဘမ်နဲ့တင် နံပါတ်တစ်ချိတ်ခဲ့တဲ့ ရပ်ပ်ပါ Fetty Wap

| No comment



ရပ်ပ်ပါ Fetty Wap တစ်ယောက် ဂီတလောကထဲမှာ အရှိန်အဟုန်နဲ့ တိုးတက်အောင်မြင်လာခဲ့ပြီဖြစ်ပါတယ်။ သူရဲ့ ပထမဆုံးအကြိမ်အဖြစ် Billboard 200 မှာ နံပါတ်တစ် ချိတ်ခဲ့ပြီး ဖျော်ဖြေတင်ဆက်ရေးမီဒီယာ ၃၀၀ ကျော်ကနေ ထုတ်လွှင့်ခြင်းကို ခံခဲ့ရပါတယ်။ အယ်လ်ဘမ်ရဲ့နာမည်ကတော့ သူကိုယ်တိုင်ရဲ့နာမည်ဖြစ်တဲ့ “Fetty Wap” ပါပဲ။

Billboard ရဲ့အဆိုအရဆိုရင် အယ်လ်ဘမ်ထွက်ထွက်ချင်းတစ်ပတ်အတွင်းမှာတင် ဒီဂျစ်တယ်ကော်ပီပေါင်း ၁၂၉၀၀၀ နဲ့ အယ်လ်ဘမ်အချပ်အနေနဲ့ကတော့  ၇၅၀၀၀ ရောင်းထွက်ခဲ့ရတယ်လို့ သိရပါတယ်။ Billboard Hot 100 ဇယားမှာ နံပါတ်တစ်ချိတ်ခဲ့တယ်ဆိုတော့ အထင်ကြီးလောက်စရာဖြစ်ခဲ့ပြီး Fetty Wap ရဲ့အောင်မြင်မှုတွေဟာ ထင်ရှားပေါ်လွင်လို့ လာခဲ့ပါတယ်။

လူကြိုက်အများဆုံးသီချင်းတွေကတော့ “Trap Queen” (No. 2), “679” (No.6) နဲ့ “My Way” (No. 7)” တို့ပဲဖြစ်ပါတယ်။

ထူးခြားတာတစ်ခုက ပွဲဦးထွက်အလ်လ်ဘမ်နဲ့တင် နံပါတစ်ချိတ်ခဲ့တဲ့ ပထမဆုံးရပ်ပ်ပါ တစ်ယောက်လို့ဖြစ်လို့ပါပဲ။ နံပါတ်တစ်ချိတ်တယ်ဆိုတဲ့ သတင်းတွေဟာ ပြီးခဲ့တဲ့လက ဆိုင်ကယ်မတော်တဆမှုဖြစ်ခဲ့ရာကနေ အခြေအနေပြန်ကောင်းလာတဲ့ အသက် ၂၄နှစ်ရပ်ပ်ပါတစ်ယောက်အတွက်တော့ ချိုခါးလေးဖြစ်လို့လာခဲ့ပြန်ပါတယ်။  နယူးဂျာစီပြည်နယ်၊ ပက်တာဆန်မြို့မှာ ဆိုင်ကယ်စီးနေတုန်း ရှေ့ကနေလာတဲ့ ယာဉ်နဲ့ဝင်တိုက်မိပြီး ဘယ်ခြေထောက် သုံးပိုင်းကျိုးသွားခဲ့တာပါ။ မော်တော်ယာဉ်မှတ်ပုံတင်လဲမရှိ၊ အာမခံလဲမရှိ၊ လိုင်စင်လဲမရှိတဲ့အတွက် အမှုနည်းနည်းတက်ခဲ့တယ်လို့သိရပါတယ်။

ဘာပဲဖြစ်ဖြစ် ဂုဏ်ယူပါတယ် Fetty Wap ရေ။

( Skyler )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref:theboombox