Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , သမီးဖြစ်သူ Harper အကြံပေးတဲ့ တက်တူးကို ထိုးခဲ့တဲ့ David Beckham

သမီးဖြစ်သူ Harper အကြံပေးတဲ့ တက်တူးကို ထိုးခဲ့တဲ့ David Beckham

| No comment


David Beckham ဟာ တက်တူးချစ်သူတွေကြားမှာ လူပြောများပြီး တက်တူးတွေရဲ့ နောက်ကွယ်က
 အဓိပ္ပာယ်တွေက လူတွေကို စိတ်ဝင်စားစေခဲ့ပါတယ်။ သူ့ရဲ့ ကိုယ်ပေါ်က တက်တူးတွေကို အမြဲတမ်း Update လုပ်နေတဲ့ David ဟာ အခုဆိုရင်လည်း တက်တူးတစ်ခုကို ထပ်ပေါင်းထည့်လိုက်ပြန်ပါပြီင်္။ ဒီတက်တူးရဲ့ ထူးခြားချက်ကတော့ သူ့ရဲ့ လေးနှစ်အရွယ် သမီးလေး Harper က သူ့ကို Design ဆွဲပေးခဲ့ပြီး သူကလည်း အမှန်တကယ်ကို ထိုးခဲ့တာဖြစ်ပါတယ်။

 ဒီရဲ့ တက်တူးကိုတော့ Beckham ရဲ့ ဇနီး Victoria က ဓာတ်ပုံရိုက်တင်ပေးခဲ့ပြီး သူတို့သမီးလေး  Harper ရဲ့ Design ဆွဲပေးခဲ့တဲ့ ချစ်စဖွယ် တက်တူးလေးဖြစ်နေခဲ့ပါတယ်။

အမြဲတမ်း တက်တူးအသစ်ထိုးလေ့ရှိတဲ့ Beckham  ဟာ အခုတစ်ခါတော့ ညာဘက် လက်ဖဝါးမှာတက်တူးထိုးခဲ့ပြီးမန်ယူမှာတုန်းက လက်ကောက်ဝတ်မှာ ထိုးခဲ့တဲ့ ရောမဂဏန်းတွေနားမှာ ရှိတယ်လို့ သိရပါတယ်။ အခုလို တက်တူး design ပေးခဲ့တဲ့ Harper ကို မိခင်ဖြစ်သူ  Victoria  ရဲ့ အနုပညာသွေးတွေများ
စီးဆင်းနေပြီလားဆိုပြီး မီဒီယာတွေက ညွှန်းဆိုရေးသားခဲ့ကြပါတယ်။


Victoria  ဟာ Follower ခုနှစ်သန်းခွဲကျော်ရှိတဲ့ သူမရဲ့ Instagram စာမျက်နှာမှာ တက်တူးကို ရိုက်ထားတဲ့ ဓာတ်ပုံကိုတင်ခဲ့ပြီး 'Harper is a true little artist x x vb ❤.' လို့ရေးထားခဲ့ပါတယ်။ David ဟာ သမီးဖြစ်သူ Harper ရဲ့ နာမည်ကို မကြာသေးခင်ကမှ လည်ပင်းမှာ ထိုးထားခဲ့ပြီး သားအကြီးဖြစ်သူ Brooklyn ရဲ့ နာမည်ကိုလည်း ကျောအောက်နားမှာ ထိုးထားခဲ့သူပါ။

David ဟာ သူ့ရဲ့ မိသားစုနဲ့ သက်ဆိုင်တဲ့ တက်တူးတွေကို အထိုးများလေ့ရှိပြီး Victoria နဲ့ လက်ထပ်ခဲ့တဲ့ ၁၉၉၉ ခုနှစ် အထိမ်းအမှတ်အဖြစ် 99 ဆိုတဲ့ တက်တူးကိုလည်း ထိုးထားခဲ့ပါတယ်။ "၁၉၉၉ ကတော့ ကျွန်တော့်အတွက် ကောင်းတဲ့နှစ်ပါ "လို့ Beckham က ပြောပါတယ်။


(Paing A K)

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref :Dailymail