Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ‘Harry Potter’ ရိုက်ကွင်းမှာ မိမိဘာသာလိင်ဆန္ဒမဖြေဖျောက်မိဖို့ မနည်းထိန်းခဲ့ရကြောင်း Daniel Radcliffe ဖွင့်ဟ

‘Harry Potter’ ရိုက်ကွင်းမှာ မိမိဘာသာလိင်ဆန္ဒမဖြေဖျောက်မိဖို့ မနည်းထိန်းခဲ့ရကြောင်း Daniel Radcliffe ဖွင့်ဟ

| No comment




Harry Potter ဇာတ်ကားတွဲရုပ်ရှင်ရိုက်ကွင်းမှာ မိမိဘာသာအာသာမဖြေဖျောက်မိဖို့ အစွမ်းကုန် ထိန်းခဲ့ရတယ်လို့ Harry Potter မင်းသား Daniel Radcliffe က ဖွင့်ဟ၀န်ခံလိုက်ပါတယ်။

အခုအခါ အသက် ၂၆ နှစ်ရှိပြီဖြစ်တဲ့ Daniel Radcliffe ဟာ Playboy မဂ္ဂဇင်းနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဒီအကြောင်းကို ပွင့်ပွင့်လင်းလင်း ၀န်ခံခဲ့တာဖြစ်ပါတယ်။ Daniel Radcliffe ဟာ Harry Potter ဇာတ်ကားတွေ မှာ သရုပ်ဆောင်စဉ်က ဆယ်ကျော်သက်အရွယ်သာရှိသေးပြီး သူ့ အနေနဲ့ ရုပ်ရှင်ရိုက်ကွင်းမှာ လိင်ဆန္ဒဖြေဖျောက်ဖူးလားဆိုတာကို Playboy မဂဇင်းက မေးမြန်းခဲ့တာဖြစ်ပါတယ်။

“ ကျွန်တော်လည်း ဒါနဲ့ ပတ်သက်ရင် တခြားဆယ်ကျော်သက်တွေလိုပါပဲ။ masturbation လိင်ဆန္ဒဖြေဖျောက်တာနဲ့ ပတ်သက်ပြီး ကျွန်တော်အကြိုက်ဆုံး စကားက သရုပ်ဆောင်၊ ဒါရိုက်တာ Louis C.K ပြောသလိုပေါ့၊ အသက် ၁၁ နှစ်မှာ ဒါကဘယ်လိုမျိုးလဲဆိုတာ စသိခဲ့ပြီး တစ်ရက်မှ အာသီသဖြေဖျောက်တာ မပျက်ခဲ့ဘူး။ ကျွန်တော် ဆယ်ကျော်သက်မတိုင်ခင် အစောကြီးကတည်းက လုပ်တတ်ခဲ့တာ ထင်တယ်ဗျ” လို့ Daniel Radcliffe က ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပါတယ်။

ဒါပေမယ့် Radcliffe ဟာ ကမ္ဘာပေါ်မှာနာမည်အကြီးဆုံးမှော်ဆရာဇာတ်ကောင် Harry Potter အဖြစ် သရုပ်ဆောင်နေရတဲ့ ရိုက်ကွင်းမှာတော့ အာသီသမဖြေဖျောက်မိအောင် ထိန်းခဲ့ပါတယ်လို့ ဆိုပါတယ်။
“ Louis C.K ပြောသလိုမျိုးပဲ ကျွန်တော့်မှာ ခံစားချက်တစ်ခုရှိတယ်။ ဘာလည်းဆိုတော့ ကိုယ်က အာသီသဖြေဖျောက်ပြီးထွက်အလာမှာ လူတွေအကုန်လုံးကလည်း ကျွန်တော်ဘာလုပ်ခဲ့လဲသိနေတယ်ဆိုတဲ့ ထိတ်လန့်မှုမျိုးပဲ။ ကျွန်တော့် နောက်တွဲယာဉ်ထဲသွားပြီး ရိုက်ကွင်းပေါ် ပြန်လာတဲ့အချိန်မှာ ကျွန်တော် ဘာလုပ်ခဲ့လဲဆိုတာ သိနေတဲ့ နာမည်ကြီးဗြိတိသျှသရုပ်ဆောင်တွေကို မျက်လုံးချင်းဆိုင်ကြည့်ရမှာကိုက ရှက်စရာကြီးဖြစ်နေမှာဗျ”  လို့ Daniel Radcliffe က သူ့ စိတ်ကို အဟန့် အတားဖြစ်စေတဲ့ အကြောင်းအရာကို ဖွင့်ဟပြောပြခဲ့ပါတယ်။

Harry Potter ဇာတ်ကားမှာ စတင်သရုပ်ဆောင်စဉ်က Daniel Radcliffe ဟာ အသက် ၁၁ နှစ်အရွယ်သာ ရှိသေးပြီး အသက် ၂၁ နှစ်အရွယ်ထိ Harry Potter ဇာတ်ကားရှစ်ကား အထိ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ အဆိုပါဇာတ်ကားရှစ်ကားဟာ ရုံတင်ပြသငွေစုစုပေါင်း ကန်ဒေါ်လာ ၇.၇ ဘီလီယံအထိ ရရှိထားပါတယ်။

( Ye Wint )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref: inquisitor