Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ကိုကိန်း ရောင်းဝယ်ရေး ကိစ္စမှာ ပါဝင်ပတ်သတ်နေတဲ့ ဗြိတိန်တော်ဝင်မင်းသား Harry

ကိုကိန်း ရောင်းဝယ်ရေး ကိစ္စမှာ ပါဝင်ပတ်သတ်နေတဲ့ ဗြိတိန်တော်ဝင်မင်းသား Harry

| No comment



ဗြိတိန်တော်ဝင် မင်းသား Harry ဟာ ဒေါ်လာ ၁၀၇ သန်းတန် ကိုကိန်း ရောင်းဝယ်ရေး ကိစ္စမှာ ပါဝင်ပတ်သတ်နေတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။

National Enquirer သတင်းဌာန ရဲ့ောဖ်ပြချက်အရတော့ အသက် ၃၁ နှစ်ရှိနေပြီဖြစ်တဲ့ Harry ဟာ လက်ရှိ ကိုကိန်း ၁.၅ တန် ကို သယ်ယူပို့ဆောင်မှု လုပ်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ Fidelio Cavali နဲ့ သူငယ်ချင်းကောင်းတွေဖြစ်နေကြပါတယ်။ ထို ၁.၅ တန်သော ကိုကိန်းတွေကို သယ်ယူပို့ဆောင်မှု ပြုလုပ်ဖို့အတွက်လည်း Cavali ဟာ Harry ဆီက သီးသန့်လေယာဉ် တစ်စီးကို ငှားရမ်းခဲ့ပါတယ်တဲ့။

"ဘုရင်မကြီးက အရမ်းဒေါသထွက်နေပါတယ်။ Harry ဟာ မူးယစ်ရောင်းဝယ်ရေး သမားနဲ့ သူငယ်ချင်းတွေဖြစ်နေလို့ပါ။ အခုလည်း သူမရဲ့ မြေး ရဲ့ အတွင်းကျကျ ပတ်သက်မှုတွေအကြောင်းကို သုံးသပ်မှု ပြုလုပ်ဖို့ ညွှန်ကြားထားပါတယ်" လို့ သတင်းအရင်းအမြစ် တစ်ဦးက ဆိုပါတယ်။

ဗြိတိန် တော်ဝင်မင်းသား Harry ဟာ Fidelio Cavali ဆိုတဲ့ မှောင်ခို စီးပွားရေး သမားနဲ့ ၂၀၁၄ ခုနှစ်တုန်းက အရမ်း ရင်းနှီးတဲ့ သူငယ်ချင်း တွေဖြစ်ခဲ့ကြပါတယ်။ မနှစ်ကတုန်းက သူတို့ ၂ ယောက်ဟာ ရွက်လှေတစ်စီးနဲ့ အတူ အပန်းဖြေခရီးထွက်ခဲ့ကြပါသေးတယ်။ အရင်တုန်းက ပါတီ လူသား လို့ သတ်မှတ်ခံထားရလောက်အောင် သောင်းကျန်းခဲ့တဲ့ Harry ဟာ အခုချိန်မှာ ပြောင်းလဲသွားပြီဆိုပေမယ့်လည်း သူ့ရဲ့ အပေါင်းအသင်းတွေက သူ့ကို လမ်းမှား တစ်ခုကို လျှောက်နေသလို ဖြစ်စေခဲ့ပါပြီ။

မကြာသေးခင်ကလည်း Harry ဟာ သူ့ရဲ့ ရည်းစားဟောင်း ၂ ယောက်ဖြစ်တဲ့ Cressida Bonas ၊ Chelsy Davy တို့နဲ့လည်း ပတ်သက်မှု တွေ ပြန်လုပ်ခဲ့ပါသေးတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse