Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Jason Mraz ဟာ သူ့ရဲ့သတို့သမီးချော Christina Carano နဲ့ လက်ထပ်ခဲ့

Jason Mraz ဟာ သူ့ရဲ့သတို့သမီးချော Christina Carano နဲ့ လက်ထပ်ခဲ့

| No comment



တနင်္ဂနွေနေ့က Jason Mraz ဟာ သူ့ရဲ့သတို့သမီး Christina Carano နဲ့ စုလျားရစ်ပတ် လက်ထပ်ထိမ်းမြားခဲ့ပါပြီတဲ့။

မိသားစုဝင်နဲ့ သူငယ်ချင်းမိတ်ဆွေ ၅၀နဲ့အတူ သူရဲ့မွေးရပ်မြေ Mechanicsville က Pole Green Historic Church ကျောင်းမှာ အသက် ၃၈နှစ်အရွယ် Carano နဲ့ လက်ထပ်ခဲ့တာဖြစ်ပါတယ်။

 “ Hermosa Beach, Calif ကော်ဖီဆိုင်ပိုင်ရှင် Tina Carano နဲ့ အကြာကြီးတွဲခဲ့တာဖြစ်ပြီး Jason Mraz တို့ရဲ့ မင်္ဂလာပွဲကို သာယာလှပတဲ့နေ့မှာ ကျင်းပခဲ့ကြတာ ဟုတ်ပါတယ် “ လို့ အဆိုတော်ရဲ့ တာဝန်ရှိသူက အတည်ပြုထားခဲ့ပါတယ်။

Mraz နဲ့ Carano တို့ဟာ ၂၀၀၇ ခုနှစ်က စတွေ့ခဲ့ကြပြီး ၂၀၁၁ ခုနှစ်ကစပြီး တွဲခဲ့ကြတာဖြစ်ပါတယ်။ သူက သတို့သမီးရဲ့ ဓါတ်ပုံကို Instagram မှာ “ ဒီနေ့ ကျွန်တော်ဟာ ကမ္ဘာပေါ်မှာကံအကောင်းဆုံး လူတစ်ယောက်ပါ” လို့ရေးသားဖော်ပြခဲ့ပါတယ်။ ဇူလိုင်-သြဂုတ်ထုတ် Osider မဂဇင်းမှာ သူတို့ရဲ့ ဆက်ဆံရေးကို ထုတ်ဖော်ကြေညာခဲ့ပါတယ်။

Maraz ဟာ သူငယ်ချင်းဟောင်းလည်းဖြစ် သီချင်းတွဲဖက်သီဆိုသူလည်းဖြစ်သူ Tistanr Pettyman နဲ့စေ့စပ်ခဲ့ဖူးပါတယ်။ ဇူလိုင် ၂၀၁၄ က “Love Someone” သီချင်းပါဝင်တဲ့ “Yes!” တေးအယ်ဘမ်(လ်) နောက်ဆုံးထွက်ရှိထားပြီး Billboard 200 မှာ နံပါတ် ၁ နေရာ ချိတ်ခဲ့ပါတယ်။


( Michell )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref: Upi