အဆိုတော်မလေး Beyonce ဟာ သူမနဲ့ ခင်ပွန်းသည် Jay-Z တို့ ခဏတာ တိုးတိုးတိတ်တိတ် ပြတ်စဲနေစဉ်ကာလ အတွင်းမှာ Jay-Z ဟာ Rihanna နဲ့ ဇာတ်လမ်းတွေ ရှုပ်ခဲ့တယ်ဆိုတဲ့ ကောလာဟလ တွေကို ယုံကြည်နေတယ်လို့ စာအုပ်တစ်အုပ်က အခိုင်အမာ ရေးသားလိုက်ပါတယ်။
အနုပညာ သတင်းထောက် J.Randy Taraborrelli ဆိုသူဟာ တစ်ချိန်တစ်ခါက ၀င်ငွေအကောင်းဆုံး ဂီတပညာရှင် စုံတွဲရဲ့ အကြောင်းကို ခွင့်ပြုချက်မရတဲ့ အထ္ထုပတ္တိ တစ်အုပ် ရေးသားဖော်ပြခဲ့ပါတယ်။ အဲဒီစာအုပ်ရဲ့ နာမည်ကတော့ Becoming Beyonce လို့ အမည်ပေးထားပါတယ်။ Beyonce တို့စုံတွဲဟာ လက်ထပ်ပြီး ၃ နှစ်အကြာ ၂၀၀၅ မှာ လူမသိ သူမသိ ခေတ္တ လမ်းခွဲခဲ့ကြတာ ဖြစ်ပါတယ်။
သူတို့ ၂ ယောက် အဲဒီလို လူမသိ သူမသိ လမ်းခွဲနေစဉ်မှာ Jay-Z ဟာ သူ့ရဲ့ တပည့်မလေး Rihanna နဲ့ ဇာတ်လမ်းတွေရှုပ်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ Jay-Z နဲ့ Rihanna တို့ဟာ Def Jam ဓါတ်ပြားတိုက်တစ်ခုတည်းနဲ့ အလုပ်လုပ်နေသူတွေလည်း ဖြစ်ခဲ့ကြပါတယ်။
ဒါ့အပြင် စာရေးသူက ဒီသတင်းရဲ့ ဆက်စပ်မှုတွေကို ၂၀၁၄ ခုနှစ်ထိ ပါလာခဲ့ပါတယ်။ မနှစ်ကတုန်းကထွက်ပေါ်လာတဲ့ သတင်းတစ်ခုကတော့ Jay-Z ၊ Beyonce နဲ့ Beyonce ရဲ့ အမဖြစ်သူ Solange တို့ ၃ ဦး ဓါတ်လှေကားအတူစီးနင်းလာစဉ်မှာ Solange က Jay-Z ကို ရိုက်နှက်ခဲ့တယ်ဆိုတာပါပဲ။ စာရေးသူ Taraborrelli ကရေးသားဖော်ပြထားတော့ အဲဒီတိုက်ခိုက်မှုဟာ Rihanna အစီအစဉ်တင်ဆက်သူအဖြစ်ဆောင်ရွက်ခဲ့တယ် ပါတီတစ်ခုကို Jay-Z က တက်ရောက်ခဲ့တဲ့အတွက် ဖြစ်တယ်ဆိုတာပါပဲ။
( Mario )
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com
Ref : Mirror