Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ခင်ပွန်းသည်နဲ့ တက်တူးဆင်တူထိုးမယ်ဆိုတဲ့ Jennifer Aniston

ခင်ပွန်းသည်နဲ့ တက်တူးဆင်တူထိုးမယ်ဆိုတဲ့ Jennifer Aniston

| No comment



မကြာသေးမီကမှ လက်ထပ်ပွဲဆင်နွှဲခဲ့တဲ့ ဟောလီးဝုဒ် မင်းသမီး Jennifer Aniston ဟာ သူမရဲ့ ခင်ပွန်းဖြစ်သူ Justin Theroux နဲ့အတူ တက်တူးဆင်တူ ထိုးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ သူမတို့ စုံတွဲဟာ သူမတို့ အိမ်ထောင်ရေး အတွက် အမှတ်တရ အဖြစ် တက်တူးထိုးချင်နေတာ ဖြစ်တယ်လို့ သတင်းအရင်းအမြစ်တစ်ဦးက Star မဂ္ဂဇင်းကို ပြောပြခဲ့ပါတယ်။

အတွင်းလူတစ်ယောက်ရဲ့ ပြောကြားချက်အရတော့ အသက် ၄၄ နှစ်အရွယ် Theroux ဟာ သူတို့ရဲ့ ဟန်းနီးမွန်းခရီးစဉ်ကတည်းက သူတို့ အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ တက်တူး မျိုးထိုးဖို့ စီစဉ်နေခဲ့တာဖြစ်ပြီး ပါပါရာဇီတွေ တွေ့မှာစိုးလို့ မထိုးဖြစ်သေးခဲ့ရာကတော့ အခု Jennifer Aniston ပါ ဆင်တူထိုးမှာ ဖြစ်တယ်လို့ သိရပါတယ်။

အသက် ၄၆ နှစ်ရှိနေပြီဖြစ်တဲ့ Jennifer Aniston ရဲ့ ခန္ဓာကိုယ်ပေါ်မှာ တက်တူးတစ်ခုတော့ ရှိခဲ့ပါတယ်။ အဲဒါကတော့ သူမရဲ့ အိမ်မွေးခွေးလေး Norman ရဲ့ နာမည်ပဲဖြစ်ပါတယ်။ သူမဟာ သူမချစ်တဲ့ ခွေးလေးဆုံးပြီးတဲ့နောက် ထိုခွေးလေးနာမည်ကို သူမရဲ့ ခြေထောက်မှာ အမှတ်တရ တက်တူးထိုးခဲ့တာ ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်တုန်းက ထို ခွေးလေး ကွယ်လွန်သွားတဲ့အခါမှာလည်း Jennifer ဟာ အရမ်းကို ပူဆွေးသောက ရောက်ခဲ့ရတဲ့အတွက် အခုတစ်ခေါက် သူမရဲ့ ခင်ပွန်း Justin Theroux နဲ့ အိမ်ထောင်ရေးအတွက် တက်တူးထိုးမယ်ဆိုတာလည်း သူမအတွက် အရေးပါလှတဲ့ ဆုံးဖြတ်ချက်ပါ။

Justin Theroux ကတော့ တက်တူးတွေအများကြီးကို ပိုင်ဆိုင်ထားပြီး သတင်းဖော်ပြချက်တွေအရတော့ သူဟာ တစ်ခါတစ်လေ မှာ သူ့ရဲ့ သူငယ်ချင်းတွေကိုလည်း ကိုယ်တိုင် တက်တူးထိုးပေးတယ်လို့ သိရပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse