Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ၃၅ မိနစ်စာ အက ဗီဒီယို တစ်ခုထုတ်လုပ်ဖို့ စီစဉ်နေတဲ့ Justin Bieber

၃၅ မိနစ်စာ အက ဗီဒီယို တစ်ခုထုတ်လုပ်ဖို့ စီစဉ်နေတဲ့ Justin Bieber

| No comment



လူငယ် ပေါ့ပ်နဲ့ ရက်ပ်အဆိုတော် Justin Bieber ရဲ့ သီချင်းအသစ် Sorry ဟာ အရောင်စုံလင်တဲ့ ကကွက်တွေကို ရိုက်ကူးထားတဲ့ ဗီဒီယိုဖြစ်ပြီး သူ့ရဲ့ ပရိတ်သတ်တွေကို စိတ်ကျေနပ်မှု ရစေခဲ့ပါတယ်။

အဲဒီလို အက ဦးစားပေးတဲ့ ဗီဒီယို ထုတ်လုပ်ခြင်းဟာ အသက် ၂၁ နှစ်အရွယ် Justin Bieber အတွက်တော့ ၃၅ မိနစ်စာ အက ဗီဒီယို တစ်ခုကို ထုတ်လုပ်ဖို့ စီစဉ်နေခြင်းရဲ့ ခြေလှမ်းအစပဲ ဖြစ်ပါလိမ့်မယ်။

Justin Bieber ဟာ သူ့ရဲ့ မကြာခင်ထွက်ရှိမယ့် အခွေသစ်ဖြစ်တဲ့ Purpose ထဲက သီချင်း ၁၈ ပုဒ်လုံးပါဝင်မယ့် ၃၅ မိနစ်စာ အက ဗီဒီယို တစ်ခုကို ထုတ်လုပ်ဖို့ စီစဥင်္နေပါတယ်။ ထို ရုပ်ရှင်တို တစ်ခုသဖွယ် ဖြစ်နေမယ့် အက ဗီဒီယိုဟာ ကြားဖြတ်မှုတွေမပါဝင်တဲ့ အကတွေနဲ့ သီချင်း ၁၈ ပုဒ်ကို ချိတ်ဆက်ထားမှာဖြစ်ပြီး Parris Goebel ဆိုသူ က စီစဉ်မှာဖြစ်ပါတယ်။

ထို Purpose ဆိုတဲ့ အခွေသစ်ဟာ Justin Bieber အတွက်တော့ ၄ ခွေမြောက် အယ်လ်ဘမ် ဖြစ်ပြီး တတိယအခွေနဲ့ ၃ နှစ်အကြာမှာ ပြန်လည်ထွက်ပေါ်လာတဲ့ အခွေလည်း ဖြစ်ပါတယ်။

Justin Bieber ဟာ လာမယ့် တနင်္ဂနွေနေ့ အီတလီနိုင်ငံ မီလန်မြို့မှာ ကျင်းပမယ့် MTV European Music Awards ပွဲတော်မှာလည်း Ed Sheeran ၊ Pharrell Williams ၊ Jason Derulo တို့နဲ့အတူ သီဆိုဖျော်ဖြေမှာ ဖြစ်တယ်လို့ သိရပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Dailymail