Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / စပိန်ရေဒီယို အင်တာဗျူး အစီအစဉ်မှ ထပြန်လာတဲ့ Justin Bieber

စပိန်ရေဒီယို အင်တာဗျူး အစီအစဉ်မှ ထပြန်လာတဲ့ Justin Bieber

| No comment


Justin Bieber ဟာ မကြာသေးခင်ကပဲ သူ့ရဲ့ထွက်ရှိတော့မယ် တေးအယ်လ်ဘမ် Purpose ပရိုမိုးရှင်းအတွက် ပြုလုပ်တဲ့ ရေဒီယိုအမေးအဖြေ စီစဉ်တင်ဆက်နေချိန်မှာပဲ ထပြန်လာခဲ့ပါတယ်။

ဗုဒဟူးနေ့က ပြုလုပ်တဲ့ စပိန်နိုင်ငံမှ ရေဒီယိုအင်တာဗျူးအစီစဉ်ချိန်အတွင်း ဘေးကြပ်နံကြပ်မေးခွန်းများစွာ မေးမြန်းခံရပြီးတဲ့နောက် ပေါ့စတားတစ်ယောက် ရုတ်တရက် ထပြန်ဖို့ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ရေဒီယိုစတေရှင်မှ အင်တာဗျူးတင်ဆက်သူ Vodafona Yu က Bieber ရဲ့ဘာသာပြန်သူမှတစ်ဆင့် သူဖြေဆိုဖို့ စိတ်မပါတဲ့ မေးခွန်းများကို မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။

အ၀တ်အစားတွေကို ကိုယ်တိုင်ဝတ်ဆင်သလားလို့ မေးမြန်းတဲ့အခါ Bieber တစ်ယောက် စနိုးစနှောက်နဲ့ “ အင်း၊ ဟုတ်ပါတယ်၊ ကျွန်တော်ကိုယ်တိုင် အ၀တ်အစားတွေကို ၀တ်ပါတယ်” လို့ ဖြေဆိုထားပါတယ်။

နောက်ပြီး အစီစဉ်တင်ဆက်သူဟာ ညဘက်တွေအပြင်ထွက်လည်ရတာ၊ ပါတီတက်ရတာတွေ ကြိုက်သလား၊ ဘ၀မှာ သဘောကျခဲ့တဲ့ မိန်းမတစ်ယောက်ရှိသလား၊ စတဲ့ မေးခွန်းတစ်ခုစီတိုင်းကို Bieber တစ်ယောက် စိတ်ပျက်လက်ပျက်နဲ့ “NO” တစ်လုံးတည်း “ ဘူး “ ခံ ဖြေဆိုခဲ့ပါသတဲ့။

ဒီလိုနဲ့ အခြေအနေတွေက တစ်ဖြည်းဖြည်းဆိုးလာခဲ့ပြီး ၂၁ နှစ်အရွယ် ပေါ့စတားတစ်ယောက် အင်တာဗျူးအစီအစဉ်ကနေ ရုတ်တရက်ထပြန်သွားခဲ့တာ ဖြစ်ပါတယ်။


အောက်တိုဘာလကတော့ Bieber အတွက် အမှတ်ရစရာတွေ အပြည့်ဖြစ်နေပါတယ်။ သူ့ရဲ့ “Sorry” ဆိုတဲ့ သီချင်းသစ်ထွက်ရှိတဲ့အပြင် MTV's Europe Music ဆုပေးပွဲမှာလည်း ဆုပေါင်း ၅ဆုတောင် အိမ်ပြန်သယ်နိုင်ခဲ့တဲ့အတွက် ဖြစ်ပါတယ်။

( Michelle )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref:Upi