Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ခေါင်ခိုက်နေတဲ့ ဈေးနှုန်းတွေနဲ့ Kanye West ရဲ့ collection တွေ ၂၄ နာရီအတွင်း ရောင်းကုန်

ခေါင်ခိုက်နေတဲ့ ဈေးနှုန်းတွေနဲ့ Kanye West ရဲ့ collection တွေ ၂၄ နာရီအတွင်း ရောင်းကုန်

| No comment


နာမည်ကျော်အဝတ်အစား Brand  "Adidas"  နဲ့ အဆိုတော် Kanye West တို့ ပေါင်းပြီး ထုတ်လုပ်ခဲ့တဲ့  Kanye West ရဲ့ ပထမဆုံးပွဲဦးထွက်  Yeezy လို့အမည်ရတဲ့ collection ဟာ စတင်မိတ်ဆက်ပြီး ၂၄ နာရီအတွင်း ရောင်းကုန်ခဲ့တယ်လို့ သိရပါတယ်။ သူ့ရဲ့ collection မှာ ၆၂၅ ဒေါ်လာတန်
ဘွတ်ဖိနပ်နဲ့ ဒေါ်လာ ၃၈၀၀ တန် ဂျက်ကက်အင်္ကျီတွေလည်းပါဝင်တယ်လို့ သိရပါတယ်။
 ဈေးနှုန်းတွေကတော့ ခေါင်ခိုက်နေခဲ့ပေမယ့် Yeezy Season 1 collection ကတော့ ၂၄ နာရီအတွင်းမှာပဲ သူ့ထက်ငါအပြိုင်အဆိုင် ဝယ်ယူခဲ့ကြပြီး ၂၄ နာရီအတွင်းမှာတင် ပစ္စည်းအားလုံးပြတ်သွားတယ်လို့ သိရပါတယ်။


Yeezy  collection ဟာဆိုရင် ရောင်းချဖို့ သတ်မှတ်ထားတဲ့ နေရာတွေမှာသာ ရနိုင်ပြီး ဝယ်ယူချင်တဲ့ အဝတ်ချစ်သူတွေကတော့ ရောင်းချမယ့နေရာတွေကို လိုက်လံစုံစမ်းပြီး သူတို့ အဝတ်ဗီရိုအတွက်
အသင့်အနေအထားနဲ့ စောင့်ဆိုင်းနေခဲ့ကြပါတယ်။ ဒါပေမယ့်လည်း မြင့်မားလွန်းတဲ့ ဈေးနှုန်းတွေကြောင့် သူ့ရဲ့ ပရိတ်သတ်တွေကတော့ စိတ်ပျက်ခဲ့ကြပြီး ဈေးနှုန်းကြီးရတဲ့ အကြောင်းရင်းကိုတော့ Kanye West က ဖြေကြားဖို့ ငြင်းဆန်ခဲ့ပါတယ်။




Adidas ကတော့ ဒီ Yeezy Season 1 collection ကိုတော့ ဆောင်းရာသီအတွက် ရည်ရွယ်ရောင်းချခဲ့ပြီး "ကမ္ဘတစ်လွှားမှာ ဒီလို အဝတ်မျိုးကို ချစ်ကြတယ်။ ဒီလို ကမ္ဘာသိ brand မျိုးကို ရဖို့ဆိုရင်တော့ သင့်ရဲ့လစာကို အကုန်သုံးပစ်မှ ရမယ် " လို့ Adidas ရဲ့ ဝက်ဘ်ဆိုက်မှာ မြှူဆွယ်ထားပါတယ်။
Yeezy collection မှာတော့ ၆၂၅ ဒေါ်လာတန် ဘွတ်ဖိနပ် ၊ ဒေါ်လာ ၃၂၅၀ တန် ဂျက်ကပ်အင်္ကျီ ၊ ဒေါ်လာ ၅၇၀ တန် ဘောင်းဘီတို ၊ ဒေါ်လာ ၁၆၉၀တန် ဂွမ်းသား ဆွယ်တာတို့ ပါဝင်တယ်လို့ သိရပါတယ်။

(Paing A K)

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Dailymail