Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , တစ်ကိုယ်တည်းသမား ဖြစ်သွားပြန်တဲ့ Kristen Stewart

တစ်ကိုယ်တည်းသမား ဖြစ်သွားပြန်တဲ့ Kristen Stewart

| No comment



အမြဲတမ်း လိင်တူဆက်ဆံသူလား ၊ သာမာန် အမျိုးသမီးပဲလား မသဲကွဲတဲ့ ဟောလီးဝုဒ် သရုပ်ဆောင် Kristen Stewart ဟာ သူမရဲ့ ကိုယ်ရေးအရာရှိဟောင်းဖြစ်သူ Alicia Cargile နဲ့ လိင်တူ ချင်း ချစ်ကြိုက်ခဲ့ရာက လမ်းခွဲပြီး တစ်ကိုယ်တည်း ပြန်ဖြစ်သွားပြန်ပြီလို့ သိရပါတယ်။

Kristen Stewart နဲ့ Alicia Cargile တို့ဟာ ၂၀၁၃ ခုနှစ်မှာ စတင်ချစ်ကြိုက်ခဲ့ကြတာဖြစ်ပါတယ်။ အဲဒီ မတိုင်ခင်တုန်းကတော့ Kristen Stewart ဟာ Twilight ဇာတ်လမ်းထဲက တွဲဖက်သရုပ်ဆောင် Robert Pattinson နဲ့ ချစ်ကြိုက်နေရာကနေ ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Rupert Sanders နဲ့ ဖောက်ပြန်ခဲ့ပြီး Robert Pattionson နဲ့ပါ လမ်းခွဲခဲ့ရတာ ဖြစ်ပါတယ်။

Cargile ကတော့ Kristen Stewart ရဲ့ ကိုယ်ရေးအရာရှိ အဖြစ်လုပ်ကိုင်ခဲ့တာဖြစ်ပြီး သူတို့ ၂ ယောက်ဟာ တစ်ဖြည်းဖြည်းချင်း အချိန်တွေ တူတူဖြုန်းတာများလာခဲ့ပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ သြဂုတ်လ ၁ ရက်နေ့နောက်ပိုင်းကတည်းက သူတို့ ၂ ယောက်ကို ဓါတ်ပုံ အတူရိုက်တာ မတွေ့ရတော့ပါဘူး။

အတွင်းလူတစ်ယောက်ရဲ့ ပြောကြားချက်အရတော့ သူမတို့ ၂ ယောက်ဟာ သူမတို့ရဲ့ အချစ်ရေးကို တရားဝင် အဆုံးသတ်လိုက်ကြပြီလို့ သိရပါတယ်။ သူမတို့ ၂ ယောက်ဟာ အခြေအနေအမျိုးမျိုးကြောင့် ၂ ဦးသဘောတူ လမ်းခွဲဖို့ ဆုံးဖြတ်လိုက်ကြပြီး ဒါဟာ အခင်အမင် မပျက်တဲ့ လမ်းခွဲမှု သာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Kristen Stewart ကိုယ်တိုင်ကတော့ Nylon မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာတုန်းက သူမဟာ ဒါရိုက်တာ တစ်ယောက်နဲ့ ဇာတ်လမ်းတွေ ရှုပ်ပြီးတဲ့နောက် မင်းသားနဲ့လမ်းခွဲကာ ကိုယ်ရေးအရာရှိနဲ့ လိင်တူချစ်ကြိုက်ခဲ့တဲ့အတွက် သူမဟာ လိင်တစ်မျိုးတည်းစိတ်ဝင်စားသူလား ၊ လိင် ၂ မျိုး စိတ်ဝင်စားသူလား ၊ လိင်တူပဲ စိတ်ဝင်စားသူလားဆိုတာ မသဲကွဲတဲ့အပေါ် သူမက "ကျွန်မကို Google မှာရှာကြည့်လိုက်ပါ။ကျွန်မ ဘာမှ မဖုံးကွယ်ထားပါဘူး။သင်ဟာ လိင်တူ လား ၊ သာမန်လားဆိုတာကို တွေးဖို့ အရေးမကြီးဘူးထင်တဲ့လူတွေအများကြီးရှိပါတယ်။ အဲဒီလိုပဲ ကိုယ့်အလုပ်ပဲ ကိုယ်လုပ်ကြပါ" လို့ ဆိုထားပါတယ်။

Kristen Stewart ရဲ့ မိခင် ဖြစ်သူ Jules Stewart ကတော့ သူမရဲ့ သမီးဟာ လိင် ၂ မျိုးလုံး စိတ်ဝင်စားသူတစ်ယောက်ဖြစ်တယ်လို့ Mirror သတင်းဌာနကို အတည်ပြုဖြေကြားပေးခဲ့ဖူးပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse