Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / အကာအကွယ်မဲ့ လိင်ဆက်ဆံနေတဲ့ Lil Wayne ရဲ့ sex tape ထွက်ပေါ်

အကာအကွယ်မဲ့ လိင်ဆက်ဆံနေတဲ့ Lil Wayne ရဲ့ sex tape ထွက်ပေါ်

| No comment



ခုပြောနေတဲ့ Sex tape ဆိုတာကတော့ Lil Wayne က စွဲမက်ဖွယ် အလန်းစားအဖော်အချွတ်မလေး နှစ်ယောက်နဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံပုံပါရှိတဲ့ ဗီဒီယိုဖိုင်ပဲဖြစ်ပါတယ်။



Lil Wayne ရဲ့ Tha Carter V အယ်လ်ဘမ်ထွက်ရှိလာဖို့အတွက် ပရိသတ်တွေက စိတ်ရှည်ရှည်စောင့်ဆိုင်းနေကြ ချိန်ပါ။ အယ်လ်ဘမ် ထွက်လာရမယ့်အစား sex tape ထွက်ရှိလာတဲ့အတွက် ပရိသတ်တွေ အံ့အားသင့်ခဲ့ကြရပါတယ်။ ကောလာဟလ ဗီဒီယိုဟာ အွန်လိုင်းမှာ ထွက်ပေါ်လာပြီး ဒီအကြောင်းနဲ့ပတ်သက်လို့ လူတိုင်းမှာ ပြောစရာတစ်ခုခုရှိနေကြ ပုံပါပဲ။

တစ်ယောက်ယောက်က ညစ်ညမ်းဝဘ်ဆိုက်အချို့ကို ဒီ sex tape အစအဆုံးကို ရောင်းချဖို့ လုပ်နေတယ်ဆိုတဲ့ ကောလာဟလ လဲထွက်ရှိနေပါတယ်။ Lil Wayne ရဲ့ sex tape ထွက်ပေါ်မှုအပေါ် အံ့အားသင့်တဲ့သူတွေရှိကြသလို တချို့ကတော့ ဟာသတစ်ခုအနေနဲ့ပဲ မြင်ကြပါတယ်။ “Lil Wayne sextape ကို ကျေးဇူးပြုပြီး ငါနဲ့ဝေးဝေးမှာ ထားစမ်းပါ။” ဆိုပြီး လူတစ်ယောက်က twitter ပေါ်မှာ ရေးခဲ့သလို “Lil Wayne ရဲ့ sextape ထွက်လာချက်က Carter V ထွက်လာမှာထက်တောင် မြန်လှချည်လား။” လို့ comment ရေးသူလဲ ရှိပါတယ်။

စိတ်ဝင်စားဖို့ကောင်းတာတစ်ခုက Lil Wayne ရဲ့ချစ်သူဟောင်း Karrine Steffans (aka Superhead) က တော့ သိပ်ပြီး စိတ်မဝင်စားလှတာပါပဲ။ Lil Wayne ရဲ့ sextape က အမိုက်ပါပဲလို့ Steffans ကထင်နေပါတယ်။ အချစ်နဲ့ လိင်ကိစ္စပေါ်လာရင် ယောကျာ်းတွေနဲ့ မိန်းမတွေ ဆက်ဆံခံရပုံခြင်းမတူတဲ့ အကြောင်းကိုတော့ သူမက စိတ်ဝင်စားမှုတချို့ပြခဲ့ပါတယ်။

“အာ့၊ tweet လုပ်ချက်အများစုက အချစ်နဲ့ လိင်ပိုင်းစိတ်ကျေနပ်မ့ ရောထွေးနေကြတယ်။ အဆင့်တစ် မဟုတ်တဲ့ လိင်ဆက်ဆံမှုရှိတဲ့ ယောကျာ်းတစ်ယောက်ယောက်နဲ့ ကျွန်မဘာလို့ အတူတူရှိမှာလဲ ဆိုတာကို မေးခွန်းထုတ်နေကြတယ်။ မိန်းမတစ်ယောက်က ယောကျာ်းတစ်ယောက်ရဲ့ငယ်ပါအတွက် ဆိုတဲ့ အကြောင်းပြချက်သက်သက်နဲ့ အဲဒီ့ယောကျာ်းနဲ့အတူရှိနေသင့်တယ်ဆိုတာဟာ ဘာကြောင့်များ လူမဲတစ်ယောက်ကို သိပ်ချစ်စရာမကောင်းရတာလဲ။ ဒါမှမဟုတ် သူ့ငွေအတွက်လား။ ယောကျာ်းတစ်ယောက်က မိန်းမတစ်ယောက်ကို လိင်ကိစ္စနဲ့ပတ်သက်ပြီး ဆုံးဖြတ်နိုင်ခွင့်ရှိတယ်၊ ဒါပေမဲ့ မိန်းမတစ်ယောက်ကရော အဲဒီ့ယောကျာ်းကို ဆုံးဖြတ်နိုင်ခွင့်မရှိဘူးလား။ သူလုပ်သလောက် သတင်းထုတ်လိုက်ပါ။” ဆိုပြီး သူမက Twitter ပေါ်မှာ တင်ထားခဲ့ပါတယ်။

Lil Wayne ရဲ့ ကျန်တဲ့ပရိသတ်တွေကတော့ ဘာပြောလို့ပြောရမှန်းမသိ ဖြစ်နေကြပါတယ်။

( Skyler )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com


Ref:theboombox