Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , နေရာအနှံ့မှာ နံပါတ်တစ်ဖြစ်နေတဲ့ The Martian ရုပ်ရှင်ဇာတ်ကား

နေရာအနှံ့မှာ နံပါတ်တစ်ဖြစ်နေတဲ့ The Martian ရုပ်ရှင်ဇာတ်ကား

| No comment





မင်းသားကြီး Matt Damon က အဓိကဇာတ်ကောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ The Martian ခေတ်လွန် သိပ္ပံရုပ်ရှင်ဇာတ်ကားဟာဆိုရင် ကမ္ဘာတစ်ဝှမ်းမှာ လူကြိုက်များလျက်ရှိပြီး ဝင်ငွေအကောင်းဆုံးဇာတ်ကားစာရင်းမှာ ဦးဆောင်နေတယ်လို့ သိရပါတယ်။ မြောက်အမေရိကမှာတော့ ယခုထက်ထိ ဝင်ငွေကောင်းနေပြီး ယခုတစ်ပတ်ဝင်ငွေ ကန်ဒေါ်လာ ၁၅.၉ သန်းအထိရရှိထားတယ်လို့ သိရပါတယ်။

သူဟာ အင်္ဂါဂြိုဟ်ပေါ်မှာ တစ်ယောက်တည်း ကျန်ရစ်နေခဲ့တဲ့ အာကာသယာဉ်မှူးတစ်ယောက်ရဲ့ အသက်ရှင်ဖို့အတွက် ရုန်းကန်ရတဲ့ အခြေအနေတွေကို ပြသထားတာဖြစ်ပြီး ရသမျိုးစုံနဲ့ ပရိတ်သတ်ကို ဆွဲဆောင်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဒါကြောင့် အခုအချိန်အထိ ဝင်ငွေကောင်းတဲ့ ဇာတ်ကားစာရင်းမှာ ထိပ်ဆုံးနေရာက ရပ်တည်နေပြီး ဒုတိယနေရာမှာတော့ Goosebumps ဇာတ်ကားက
 ဒေါ်လာ ၁၅.၅ သန်းနဲ့ ရပ်တည်နေတယ်လို့ သိရပါတယ်။

Bridge of Spies ဇာတ်ကားကတော့ နံပါတ်သုံးနေရာမှာ ရပ်တည်နေပြီး မင်းသားကြီး Vin Diesel ပါဝင်သရုပ်ဆောင်ထားတဲ့ The Last Witch Hunter  ဇာတ်ကားကတော့ ဝင်ငွေ ၁၀.၉သန်းနဲ့ နံပါတ်လေးနေရာမှာ အစဉ်လိုက်ရပ်တည်နေတယ်လို့ သိရပါတယ်။ ဒါကြောင့်
ပရိသတ်တွေ အနေနဲ့လည်း အခုတလောရုံတင်ပြသနေတဲ့ The Martian ရုပ်ရှင်ကားကို သွားရောက်ကြည့်ရှုသင့်တယ်လို့ အကြံပြုလိုက်ပါတယ်။



(Paing A K)


#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Upi