Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , နယ်လှည့်ဖျော်ဖြေပွဲ အတူပြုလုပ်မယ့် Nick Jonas နဲ့ Demi Lovato

နယ်လှည့်ဖျော်ဖြေပွဲ အတူပြုလုပ်မယ့် Nick Jonas နဲ့ Demi Lovato

| No comment

Nick Jonas နဲ့ Demi Lovato တို့ဟာ ၂၀၁၆ အတွင်းမှာ နယ်လှည့်ဖျော်ဖြေပွဲတစ်ခုကို အတူပြုလုပ်သွားမယ်လို့ သိရပါတယ်။ Disney darlings လို့ လူသိများတဲ့ သူတို့နှစ်ယောက်ဟာ ပထမဆုံး တွဲဖက် ဖျော်ဖြေပွဲပြုလုပ်တာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒီ Tour ဖျော်ဖြေပွဲကိုတော့ Future Now လို့ အမည်ပေးထားပြီး  ၂၀၁၆ ဇွန်လကနေ စက်တင်ဘာလအထိ ပြုလုပ်သွားမှာပါ။ Lovato ဟာ အခြားအဆိုတော်တစ်ဦးဖြစ်တဲ့ Adam Lambert နဲ့ ဖျော်ဖြေပွဲလုပ်ဖို့ ကနဦးက စီစဉ်ခဲ့ပေမယ့်လည်း မဖြစ်မြောက်ခဲ့ဘဲ Nick Jonas နဲ့ တွဲဖက်ဖျော်ဖြေခဲ့တာပါ။


Nick Jonas နဲ့ Demi Lovato တို့ဟာ ရင်းနှီးတဲ့ မိတ်ဆွေတွေဖြစ်ပြီး  သူတို့ဟာ hot အဖြစ်ဆုံး နွေရာသီဖျော်ဖြေပွဲတစ်ခုကို မျှော်မှန်းထားသလို လုပ်ဖို့ စီစဉ်ထားခဲ့ကြတာပါ။ ဒါကြောင့် ဖျော်ဖြေဖို့ အခွင့်အရေး လက်လွတ်ခဲ့ရတဲ့ Adam Lambert က ဒေါသတွေထွက်ခဲ့ပြီး Demi Lovato ကိုလည်း သဘောထားပြောင်းသွားတယ်လို့ သိရပါတယ်။ ဒါ့အပြင် Nick Jonas ကိုလည်း ပရော်ဖက်ရှင်နယ်မပီသတဲ့ အဆိုတော်လို့ စွပ်စွဲခဲ့ပြီး တရားမျှတမှုမရှိတဲ့ လုပ်ရပ်လို့ ပြောပါတယ်။

ဒါပေမယ့် Adam Lambert ကတော့ သူ့ရဲ့ တွစ်တာအကောင့်မှာ ဒီလိုပြောခဲ့တာတွေကို ငြင်းဆန်ခဲ့ပြီး သူတို့သုံးယောက်ကြားမှာ ဘာပြဿနာမှမရှိခဲ့ပဲ ကောလဟလတွေကို နားမလွယ်ဖို့ ပြောခဲ့တယ်လို့လည်း သိရပါတယ်။


(Paing A K)

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse.com