Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , NoBraDay မှာ ဘရာစီယာ မ၀တ်ပဲ အပြင်ထွက်ခဲ့တဲ့ Selena Gomez

NoBraDay မှာ ဘရာစီယာ မ၀တ်ပဲ အပြင်ထွက်ခဲ့တဲ့ Selena Gomez

| No comment



အဆိုတော်မလေး Selena Gomez ဟာ အမေရိကန် နိုင်ငံရဲ့ #NoBraDay ကို ဆင်နွှဲတဲ့အနေနဲ့ နယူးယော့ခ်မြို့မှာ သာမန်မဟူတ်တဲ့ဝတ်စုံ ၀တ်ဆင်ခဲ့တာတွေ့ရပါတယ်။

အမေရိကန် ပြည်ထောင်စုက ရင်သားကင်ဆာ ရောဂါရှင်တွေအတွက် အထိမ်းအမှတ်အနေနဲ့ အမျိုးသမီးတွေ ဘရာစီယာ မ၀တ်ဆင်ရတဲ့ NoBraDay မှာ Selena Gomez ကလည်း ဘရာစီယာ မ၀တ်ဆင်ပဲ လမ်းပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ သူမဟာ နယူးယော့်ခ် မြို့မှာရှိတဲ့ Chelsea ရပ်ကွက်က စတူဒီယိုကနေ သူမရဲ့ သက်တော်စောင့်နဲ့ အတူ ပြန်လည်ထွက်ခွာလာတာပဲ ဖြစ်ပါတယ်။

သူမ ရဲ့ ၀တ်စုံကတော့ အပေါ်ပိုင်းက ဖောက်ထွင်းမြင်ရနိုင်တဲ့ အနက်ရောင် ဇာအကျီင်္အပါးလေးဖြစ်ပြီး အပေါ်ပိုင်းဝတ်စုံက သူမရဲ့ ရင်သားတွေကို ဖောက်ထွင်းမြင်နေရစေနိုင်ပါတယ်။

မကြာသေးမီကပဲ ၀လာတယ်လို့ ဝေဖန်ခံထားရတဲ့ Selena ဟာ ဒီတစ်ကြိမ်မှာတော့ အေးအေးဆေးဆေးနဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိနေတာကို တွေ့ရပြီး သူမရဲ့ ဗိုက်သားတွေကိုလည်း ခါးတို အကျီင်္ဝတ်ဆင်ပြီး ဖော်ပြထားပါတယ်။ ဒီတစ်ခါမှာတော့ Selena ရဲ့ Hater တွေ ပါးစပ်ပိတ်သွားခဲ့ရပါတယ်။

အသက် ၂၃ နှစ်ပဲရှိသေးတဲ့ Selena Gomez ဟာ သူမ နဲ့ လူသိများခဲ့တဲ့ နာမည်ကျော် ချစ်သူ Justin Bieber တို့ လမ်းခွဲပြတ်စဲခဲ့စဉ်က ဘယ်လောက်ထိ နာကျင်ခဲ့ရတယ်ဆိုတာကိုလည်း မကြာသေးမီ ရက်ပိုင်းကပဲ ထုတ်ဖော်ပြောကြားခဲ့ပါသေးတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror