Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , အမေရိကန်ဂီတဆုပေးပွဲမှာ ဖျော်ဖြေဖွယ်ရှိတဲ့ One Direction

အမေရိကန်ဂီတဆုပေးပွဲမှာ ဖျော်ဖြေဖွယ်ရှိတဲ့ One Direction

| No comment



ဗြိတိန်အမျိုးသားအဆိုတော်အဖွဲ့ One Direction ဟာ ၂၀၁၅ အမေရိကန်ဂီတဆုပေးပွဲ(AMA)မှာ ဖျော်ဖြေဖွယ်ရှိတဲ့ အနုပညာရှင်စာရင်းမှာ ပါဝင်လာတယ်လို့ သိရပါတယ်။ ဒီစူပါစတားအဖွဲ့ဟာ လော့စ်အိန်ဂျလိစ်က Microsoft ကဇာတ်ရုံမှာ ၂၂ ကြိမ်မြောက် အဖြစ်ကျင်းပမယ့်  AMAမှာ  မကြာသေးခင်ကမှ ထွက်ရှိထားတဲ့ Perfect သီချင်းနဲ့ ဖျော်ဖြေဖွယ်ရှိတယ်လို့ ရေးသားထားပါတယ်။
 သူတို့အဖွဲ့ဟာ မနှစ်ကတော့ AMA ဆုပေးပွဲမှာ တစ်နှစ်တာ အကောင်းဆုံးအဆိုတော်ဆု ၊ Pop နဲ့ Rock နှစ်မျိုးအကောင်းဆုံးဆု ၊  Pop နဲ့ Rock အတွက် အကောင်းဆုံးအယ်လ်ဘမ်ဆုတို့ကို ရခဲ့ပါတယ်။


One Direction ဟာ ဒီနှစ်အတွက်တော့ ဆုနှစ်ဆုကို အမည်တင်သွင်းခြင်းခံထားရပြီးတစ်နှစ်တာအကောင်းဆုံးအဆိုတော်ဆု ကတော့ တစ်ခုအပါအဝင်ဖြစ်တယ်လို့ Billboard မဂ္ဂဇင်းရဲ့အဆိုအရ သိရပါတယ်။ ဒီရဲ့ အမေရိကန်ဂီတဆုပေးပွဲအတွက် တစ်နှစ်တာအကောင်းဆုံးအဆိုတော်ဆု ဆန်ကာတင်စာရင်းမှာတော့ Taylor Swift , Jennifer Lopez , Selena Gomez ကန်းထရီးအဆိုတော်Carrie Underwood တို့လည်း အမည်တင်သွင်းခြင်းခံထားရတယ်လို့ သိရပါတယ်။


Taylor Swift ကတော့  တစ်နှစ်တာအကောင်းဆုံးအဆိုတော်ဆုအတွက် ရေပန်းအစားဆုံး ဖြစ်နေပါတယ်။ The Weeknd, Ed Sheeran, Sam Smith, Nicki Minaj and Meghan Trainor တို့ကလည်း ဆုနှစ်ဆုအထိ ဆန်ကာတင်ပါဝင်နေပါတယ်။ ဒီရဲ့ဆုတွေကိုတော့ အယ်လ်ဘမ်ရောင်းအား ၊ တစ်ပုဒ်ချင်းရောင်းရမှု ၊ ရေဒီယိုမှာ ထုတ်လွှင့်ရမှု အကြိမ်ရေ ၊ လူမှု လှုပ်ရှားမှုနဲ့ နယ်လှည့်ဖျော်ဖြေပွဲတွေကို အခြေခံပြီးတွက်ချက်တယ်လို့ သိရပါတယ်။


"Made in the A.M." အယ်လ်ဘမ်ကို မကြာခင်မှာ ဖြန့်ချိမယ့် One Direction  အတွက်တော့ စံချိန်တွေကို ဆက်ထိန်းထားနိုင်ဖို့ အခွင့်ကောင်း ဖြစ်နေပြီး pop chart မှာလည်း ထိပ်ဆုံးမှာ ရပ်တည်လျက်ရှိတယ်လို့ သိရပါတယ်။

(Paing A K)

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse