Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / လူငယ်ဘောလုံးအသင်းနဲ့ ပတ်သက်ပြီး Reality Series ထုတ်ဖို့ရှိတဲ့ Snoop Dogg

လူငယ်ဘောလုံးအသင်းနဲ့ ပတ်သက်ပြီး Reality Series ထုတ်ဖို့ရှိတဲ့ Snoop Dogg

| No comment



Snoop Dogg တစ်ယောက် စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ရဲ့ လုပ်ငန်းဆောင်ချက်တွေ လုပ်ဆောင်နေတယ်လို့ သတင်းရရှိပါတယ်။ လူငယ်အစီအစဉ်ဖြစ်တဲ့ Snoop Youth Football League (SYFL) ပေါ်အခြေခံထားတဲ့ reality series အတွက် သူ့ဘ၀ရဲ့ အခြားတစ်ဖက်ကအကြောင်းအရာတွေကို ပရိတ်သတ်တွေ ခံစားစေဖို့အတွက် ဖြစ်ပါတယ်။

Snoop Dogg ကိုယ်တိုင် ဒါရိုက်တာလုပ်ထားတာပါ။ ဒီပရောဂျက်မှာ ကစားသမားတွေနဲ့ နည်းပြတွေရဲ့ အရှူံးနဲ့အနိုင် အကြောင်းတွေပါဝင်ပါတယ်။ အောင်မြင်မယ့် အားကစားရှိုးတစ်ခုဖြစ်လာမှာပါပဲ။ ဒီသတင်းကို Snoop Dogg က နယူးယောက်မြို့မှာ ကြေညာခဲ့ပါ။

“SYFL မှာ ကျွန်တော်ဆရာလုပ်မယ့် ကလေးတွေဟာ ကျွန်တော့်အတွက်တော့ လုပ်ခဲ့ဖူးသမျှဟာတွေထက် ပိုအဓိပ္ပါယ်ရှိပါတယ်။ League ထဲက ကလေးတွေကို ဘက်ပေါင်းစုံကနေ ရရှိလာတာဖြစ်ပြီး ဒီကစားနည်းနဲ့ဘ၀အပေါ် သူတို့ရဲ့ချစ်ခင်လေးနှက်မှုတွေကို ကျွန်တော်မြင်တွေ့ခဲ့ရတယ်။  

"SYFL ဆိုတာ ဘောလုံးကစားတာထက်တော့ ပိုပါတယ်။ ကလေးတွေအကြောင်း၊ သူ့တို့ရဲ့ မိသားစုတွေနဲ့ ဘ၀တွေအကြောင်းက လူ့အဖွဲ့အစည်းတစ်ရပ်လုံးကိ ကူညီပေးပါတယ်။ သူတို့ရဲ့ ဇာတ်လမ်းတွေ၊ ပုံပြင်တွေ၊ ဇတွေအကြောင်းကို ကျွန်တော်ကြည့်ချင်မြင်ချင်ပါတယ်။ ဒီ Series သစ်တွေကို ကျွန်တော်တို့ကြည့်ဖို့ အချိန်တန်ပါပြီလား။” လို့ Snoop Doog ကပြောခဲ့ပါတယ်။

SYFL ကို ၂၀၀၅ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး ကစားသမားအချို့ကို NFL ကိုတောင်မှ လွတ်ပေးခဲ့ပါတယ်။ ဒီနှစ်ကုန်ပိုင်းမှာ AOL ကတဆင့် ထွက်ရှိမှာဖြစ်ပြီး အပိုင်းတွဲ ၉ ထွက်ရှိမယ်လို့မျှော်လင့်လို့ရပါတယ်။ ဥပဒေနဲ့ပယ်ချခံတဲ့ “Coach Snoop” ကို ၂၀၀၇ခုနှစ်က ထွက်ရှိနိုင်ခဲ့ပြီးချိန်ကစပြီး ရေတွက်မယ်ဆိုရင် ဒါဟာ Snoop Doog ရဲ့ ဒုတိယအကြိမ် ကြိုးပမ်းမှုလည်း ဖြစ်ပါတယ်။

( Skyler )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref:theboombox