Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , မူးယစ်ရမ်းကားမှု နဲ့ အဖမ်းခံရပြန်တဲ့ မင်းသား Shia LaBeouf

မူးယစ်ရမ်းကားမှု နဲ့ အဖမ်းခံရပြန်တဲ့ မင်းသား Shia LaBeouf

| No comment



အမြဲတမ်း ပြဿနာ ရှာတတ်တဲ့ ဟောလီးဝုဒ် မင်းသား Shia LaBeouf ဟာ ဒီတစ်ပတ် စနေ ၊ တနင်္ဂနွေမှာပဲ တက္ကဆက်ပြည်နယ် ၊ Austin မြို့မှာ အဖမ်းခံလိုက်ရပြန်ပါတယ်။

ဒီတစ်ခါမှာတော့ မူးယစ်ရမ်းကားမှု မှာ ဦးဆောင်ပါဝင်ခဲ့တဲ့အတွက်ပါ။ ဟောလီးဝုဒ် မင်းသား Shia LaBeouf နဲ့ သူ့သူငယ်ချင်းတစ်ယောက်တို့ဟာ သောကြာင်္နေ့ညတုန်းက ကလပ်တစ်ခုထဲကို ၀င်ရောင်ဖို့ ကြိုးစားတဲ့အခါမှာ ကလပ် လုံခြုံရေးတွေက သူတို့ ၂ ယောက်ကို ၀င်ခွင့်မပေးခဲ့ပါဘူး။ ဘာလို့လည်းဆိုတော့ သူတို့ ၂ ယောက်ဟာ မူးနေပြီးသား ဖြစ်နေလို့ပါ။

Austin City Limits ပွဲတော်အတွက် Austin မြို့ကိုရောက်ရှိနေတဲ့ အသက် ၂၉ နှစ်အရွယ် LaBeouf ဟာ ထို ကလပ်အတွင်း သို့ ၀င်ခွင့်မရတဲ့အခါမှာ အတင်းဝင်ရောက်ဖို့ကြိုးစားပြီး ထ သောင်းကျန်းပါတော့တယ်။ အဲဒီနောက်မှာတော့ သူဟာ မ၀င်တော့ပဲ လမ်းထဲမှာ လျှောက်ပြေးနေခဲ့တယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။

အဲဒီနောက်မှာလည်း သူ့ကို သတိပေးထားတဲ့ ရဲအရာရှိတွေရှေ့မှာလည်း အရက်မူးပြီးလမ်းလျှောက်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် ရဲအရာရှိတွေက သူ့ကို အချုပ်ထဲ ထည့်သွင်းထားလိုက်ပြီး Travis ခရိုင်တရားရုံးမှာ လူထုကြားထဲမှာ မူးယစ်ရမ်းကားမှု နဲ့ အမှုဖွင့်ခံထားရပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse