Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Star Wars ဇာတ်လမ်းထဲက ဘစ်ကနီ ၀တ်စုံကို ဒေါ်လာ တစ်သိန်း ၀န်းကျင်နဲ့ ရောင်းချ

Star Wars ဇာတ်လမ်းထဲက ဘစ်ကနီ ၀တ်စုံကို ဒေါ်လာ တစ်သိန်း ၀န်းကျင်နဲ့ ရောင်းချ

| No comment



လာမယ့် ဒီဇင်ဘာလမှာ Star Wars အပိုင်း(၇) ထွက်ရှိမယ်လို့ ပြီးခဲ့တဲ့ လ အနည်းငယ်က သတင်းထွက်လာပြီးတဲ့နောက် မှာ Star Wars ရောဂါဟာ ကမ္ဘာတစ်ဝှမ်းလုံးကို ကူးစက်လာပါတော့တယ်။

အခုလည်း "Return of the Jedi" ဆိုတဲ့ Star Wars ဇာတ်လမ်းထဲမှာ Princess Leia အဖြစ် သရုပ်ဆောင်စဉ်က မင်းသမီး Carrie Fisher ၀တ်ဆင်ခဲ့တဲ့ ဘစ်ကနီ ၀တ်စုံကို ဒေါ်လာ ၉ သောင်း ၆ ထောင် နဲ့ လေလံတင်ရောင်းချခဲ့တယ်လို့ သိရပါတယ်။ စတာလင်ပေါင် အရဆိုရင်တော့ ၆၃၃၂၀ ပေါင်ပါ။ စပြီးဈေးခေါ်ခဲ့တဲ့ ကြမ်းခင်းဈေးက စတာလင်ပေါင် ၅၂၀၀၀ ဖြစ်တယ်လို့ BBC သတင်းတွေက ဖော်ပြထားပါတယ်။

ထို ဘစ်ကနီ ၀တ်စုံကို ၀ယ်ယူသွားတဲ့ ပုဂ္ဂိုလ်ဟာ Star Wars ဇာတ်လမ်းထဲက ဒီဇိုင်နာ Richard Miller ရဲ့ အခြား ဖန်တီးမှု တွေဖြစ်တဲ့ ကော်လာ ၊ ချိန်းကြိုးနဲ့ လက်ရေးနဲ့ရေးသားထားတဲ့ စာရွက်တို့ကိုလည်း ၀ယ်ယူသွားသေးတယ်လို့ သိရပါတယ်။

Carrie Fisher တစ်ယောက် အမြဲပြောလေ့ရှိတဲ့စကားကတော့ သူမအနေနဲ့ ထိုဝတ်စုံကို မနှစ်သက်ဘူးဆိုတာပါပဲ။ ဒါပေမယ့်လည်း ထို ဘစ်ကနီ ၀တ်စုံဟာ Star Wars ဇာတ်လမ်းတွဲထဲမှာ လူသိ အများဆုံး ၀တ်စုံ ဖြစ်နေပြီး Rolling Stone မဂ္ဂဇင်းရဲ့ ကာဗာ မှာလည်း သူမက ထို ဘစ်ကနီ ၀တ်စုံနဲ့ ပဲ ဓါတ်ပုံ အရိုက်ခံခဲ့ပါသေးတယ်။ Madame Tussauds မှာရှိတဲ့ Carrie Fisher ရဲ့ ပုံတူ ဖယောင်း ရုပ်ထုမှာလည်း သူမကို ထို ဘစ်ကနီ ၀တ်စုံနဲ့ပဲ ပုံစံတူ ဖန်တီးထားတာပါ။

ထို ဘစ်ကနီဟာ Star Wars ဇာတ်လမ်းတွဲတွေရဲ့ လူသိအများဆုံး ၀တ်စုံလို့ ဆိုပေမယ့်လည်း ထို လေလံပွဲမှာဈေးအများဆုံးရသွားတာကတော့ ထို ဘစ်ကနီ မဟုတ်တော့ပါဘူး။ Princess Leia ရဲ့ Blockade Runner ဆိုတဲ့ Star Wars ဇာတ်လမ်းတွေထဲမှာ ပထမဆုံးပါဝင်လာခဲ့တဲ့ ယာဉ်ပျံငယ်ကိုလည်း ဒေါ်လာ ၄ သိန်းခွဲနဲ့ ရောင်းချခဲ့ပါတယ်။

Carrie Fisher ဟာ လာမယ့် ဒီဇင်ဘာမှာ ထွက်ရှိမယ့် Star Wars Episode VII : The Force Awakens ဆိုတဲ့ ဇာတ်လမ်းထဲမှာ Princess Leia အဖြစ် ပြန်လည် ပါဝင်သရုပ်ဆောင်ဦးမှာဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse