Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ပေ ၁၀၀ မြင့်တဲ့ ကရိန်းထိပ်ကိုတက်ပြီး ဆန္ဒပြလို့ ထောင် ၁ လ ကျခဲ့တဲ့ Steve-O

ပေ ၁၀၀ မြင့်တဲ့ ကရိန်းထိပ်ကိုတက်ပြီး ဆန္ဒပြလို့ ထောင် ၁ လ ကျခဲ့တဲ့ Steve-O

| No comment



လူငယ်တို့ရဲ့ အသည်းစွဲ Jackass ရဲ့ စတန့်ပညာရှင် Steve-O ဟာ အမေရိကန် ပြည်ထောင်စုမှာ ရှိတဲ့ ပင်လယ်ကမ္ဘာ(Sea World) မှာ ဆန္ဒထုတ်ဖော်မှု ပြုလုပ်ရာကနေ ထောင်ဒဏ် ရက် ၃၀ ကျခံခဲ့ရပါတယ်။

လန်ဒန်မှာ မွေးဖွားခဲ့တဲ့ Jackass အစီအစဉ်ရဲ့ ကြယ်ပွင့် Steve-O ဟာ ဟောလီးဝုဒ်မှာ ပေ ၁၀၀ မြင့်တဲ့ ကရိန်းထိပ်ကိုတက်ခဲ့ပြီး ဝေလငါးလေထိုးရုပ်ကို ကိုင်ကာ ပါးစပ်ကလည်း "ပင်လယ်ကမ္ဘာအစုတ်အပြတ်" လို့အော်ကာ မီးရှုးမီးပန်း တွေကို ပစ်လွှတ်ခဲ့ပါသေးတယ်။

နာမည်အရင်း Stephen Glover လို့ခေါ်တဲ့ Steve-O ဟာ ၂၀၁၃ခုနှစ်က ထွက်ခဲ့တဲ့ Blackfish ဆိုတဲ့ မှတ်တမ်းရုပ်ရှင်ကြောင့် သူအခုလို ဆန္ဒပြ ဖြစ်သွားတာပါလို့ ဆိုထားပါတယ်။  ဒါပေမယ့်လည်း သူ့ရဲ့ စတန့်ထွင် ဆန္ဒထုတ်ဖော်မှုဟာ မြေပြင်ပေါ်မှာတော့ လူနာတင်ယာဉ် ၅ စီး ၊ ဟယ်လီကော်ပတာ တစ်စီး နဲ့ မီးသတ်ကား အစီး ၈၀ တို့ကို ရောက်လာစေခဲ့ပါတယ်။

မကြာခင်မှာပဲ Steve-O ဟာ မှားယွင်းတဲ့ အရေးပေါ်အခြေအနေ ဖန်တီးမှု ၊ ပြည်သူပိုင်ပစ္စည်းဖျက်စီးမှု နဲ့ မီးပန်း ပစ်ဖောက် ထိတ်လန့်စေမှုတို့နဲ့ အရေးယူခံခဲ့ရတာ ဖြစ်ပါတယ်။ သူဟာ လော့အိန်ဂျလိစ် မြို့က တရားရုံးရဲ့ ထောင်ဒဏ် ၁ လ ကျခံ ဖို့ အမိန့် ချမှတ်ခြင်းကို ခံလိုက်ရပါတယ်။ သူဟာ ထောင်ဒဏ် ၁ လကျခံခဲ့ရတယ်ဆိုပေမယ့်လည်း ၃ နှစ်စောင့်ကြည့်ခံရဦးမှာဖြစ်ပြီး မြို့တော် ရဲတပ်ဖွဲ့နဲ့ မီးသတ်ဌာန တွေကိုလည်း ၀တ္တရားနှောင့်ယှက်မှုနဲ့  စတာလင်ပေါင် ၉၀၀၀ ပေးလျော်ရဦးမှာ ဖြစ်ပါတယ်။

ဒါ့အပြင် နောက်ဆိုလည်း ရဲတွေနဲ့ မီးသတ်တပ်ဖွဲ့တွေကို ပတ်သက် ထိခိုက်လာမယ့် စတန့်မျိုးတွေ မလုပ်ဖို့လည်း သတိပေးခံခဲ့ရပါတယ်။

Steve-O ဟာ သူ့နဲ့ စတန့်ပြကွက်တွေမှာ တွဲဖက်ပါဝင်နေကြ စတန့်ပညာရှင် အမျိုးသမီး Stacey Solomon နဲ့ ဇူလိုင်လတုန်းကပဲ လမ်းခွဲခဲ့တာဖြစ်ပါတယ်။ သူ့ကို ဆန္ဒပြချင်စိတ်ဖြစ်ပေါ်စေခဲ့တဲ့ Blackfish မှတ်တမ်းရုပ်ရှင်ဟာလည်း SeaWorld(ပင်လယ်ကမ္ဘာ) ဆိုတဲ့ ငါးပြတိုက်မှာရှိတဲ့ Tilikum ဆိုတဲ့ ဝေလငါးအကြောင်းကို ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror