Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , "Strong Looks Better Naked" ဆိုတဲ့ ကိုယ်တွေ့မှတ်တမ်း စာအုပ်ထုတ်လုပ်မယ့် Khloe Kardashian

"Strong Looks Better Naked" ဆိုတဲ့ ကိုယ်တွေ့မှတ်တမ်း စာအုပ်ထုတ်လုပ်မယ့် Khloe Kardashian

| No comment



Keeping Up With The Kardashian ဆိုတဲ့ ဖြစ်ရပ်မှန် ရှိုး အစီအစဉ်ရဲ့ ကြယ်ပွင့် တစ်ယောက်ဖြစ်တဲ့ Khloe Kardashian ဟာ သူမရဲ့ အသစ်ထုတ်လုပ်မယ့် "Strong Looks Better Naked" ဆိုတဲ့ ကိုယ်တွေ့မှတ်တမ်း စာအုပ် အတွက် သူမရဲ့ တောင့်တင်းလှပတဲ့ ခန္ဓာကိုယ် ကောက်ကြောင်းအလှ တွေကို ဖော်ပြပြီး ဓါတ်ပုံ ရိုက်ခဲ့ပါတယ်။

အသက် ၃၁ နှစ်ရှိနေပြီဖြစ်တဲ့ Khloe Kardashian ရဲ့ ပထမဆုံး စာအုပ်ဟာ သူမရဲ့ ကိုယ်အလေးချိန် ၊ အချစ်ရေး နဲ့ ကိုယ်ပိုင်ပုံရိပ်တစ်ခုအတွက် ရုန်းကန်ခဲ့ရပုံတွေ စတဲ့ ပုဂ္ဂိုလ်ရေး စတိုရီ တွေပါဝင်မှာ ဖြစ်ပါတယ်။ သူမ အနေနဲ့ ဖြစ်ရပ်မှန် ကြယ်ပွင့်တစ်ယောက် ဘယ်လို ဖြစ်လာတယ်ဆိုတာတွေကို ပါ ထိုစာအုပ်ထဲမှာ ရေးသား ဖော်ပြထားမှာ ဖြစ်ပါတယ်။

Khloe ဟာ ၂၀၁၃ ခုနှစ်မှာ ခင်ပွန်းဖြစ်သူ Lamar Odom နဲ့ လမ်းခွဲခဲ့ပြီးတဲ့နောက်မှာ ပြီးခဲ့တဲ့အပတ်ကပဲ ပြန်လည် ပေါင်းထုပ်မှုတွေဖြစ်ခဲ့ပါတယ်။ Lamar Odom ဟာ လက်ရှိမှာ ကိုကိန်းအလွန်အကျွံ သုံးစွဲခဲ့မှုကြောင့် ကိုမာ ရောဂါကို ခံစားနေရတာလည်းဖြစ်ပါတယ်။

ဒီတစ်ပတ်ထဲမှာပဲ Khloe Kardashian ဟာ သူမရဲ့ ရည်းစားဟောင်းဖြစ်တဲ့ Lamar Odom ကို ကျေးဇူးတင်တဲ့အကြောင်းတွေကို ပြောပြထားပါသေးတယ်။ သူမဟာ Lamar Odom နဲ့ မတွေ့ခင်တုန်းကတော့ မရှိသလို ခံစားနေခဲ့ရပြီး အခုမှသာ ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိလာတဲ့အကြောင်းတွေကို ဖွင့်ဟ ပြောကြားခဲ့ပါတယ်။

Lamar Odom ရဲ့ ရောဂါ အခြေအနေအရ Khloe နဲ့ Lamar တို့ ပြန်အဆင်ပြေသွားတယ်လို့ ထင်မှတ်ရပေမယ့် Khloe ကတော့ လက်ရှိမှာ Houston Rockets အသင်းရဲ့ ဘတ်စကတ်ဘော ကစားသမား James Harden နဲ့လည်း ဆက်လက်တွဲနေပါသေးတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Dailymail