Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ကင်ဆာရောဂါသည် ၁၃ လသား ကလေးငယ် အတွက် ဒေါ်လာ ၅ သောင်းလှုဒါန်းခဲ့တဲ့ Taylor Swift

ကင်ဆာရောဂါသည် ၁၃ လသား ကလေးငယ် အတွက် ဒေါ်လာ ၅ သောင်းလှုဒါန်းခဲ့တဲ့ Taylor Swift

| No comment



လက်ရှိ ၀င်ငွေအကောင်းဆုံး အဆိုတော် တစ်ယောက်အဖြစ် ရပ်တည် နေတဲ့ Taylor Swift ဟာ သူမရဲ့ ဖျော်ဖြေမှုကို အနောက်ကနေ ပံ့ပိုးပေးတဲ့ အကအဖွဲ့ဝင် တစ်ယောက်ရဲ့ တူငယ်လေးအတွက် ဒေါ်လာ ၅ သောင်း လှုဒါန်းခဲ့ပါတယ်။

ထို ကလေးငယ်လေးဟာ ကင်ဆာရောဂါ ကို ခံစားနေရတဲ့အတွက် Taylor Swift က အခုလို လှုဒါန်းခဲ့တာ ဖြစ်ပါတယ်။ သူမရဲ့ 1989 ကမ္ဘာလှည့်ဖျော်ဖြေပွဲ တွေမှာ သူမနဲ့ အတူ ကပြဖျော်ဖြေခဲ့တဲ့ အကပညာရှင် Kim "Toshi" Davidson ဟာ သူ့ရဲ့ ၁၃ လ အရွယ် တူလေးဟာ ကင်ဆာရောဂါကို ခံစားနေရတဲ့အကြောင်း ကြေညာခဲ့ပါတယ်။

Go Fund Me စာမျက်နှာမှာ Taylor က အခုလိုရေးသားထားပါသေးတယ်။

" Ayden ဆိုတဲ့ ကလေးငယ်လေး ၊ ငါဟာ မင်းရဲ့ ဦးလေး Toshi နဲ့ နယ်လှည့်ဖျော်ဖြေပွဲတွေမှာ အတူတကွ ဖျော်ဖြေရတာ အရမ်းကံကောင်းပါတယ်။ င်တို့အားလုံးဟာ မင်းနဲ့ မင်းရဲ့ မေမေ အတွက် ဆုတောင်ပေးနေကြပြီး အချစ်တွေကိုလည်း ပို့ပေးလိုက်ပါတယ်။ ချစ်လှစွာသော ၊ တေလာ "

ဇူလိုင်လမှာတုန်းကလည်း Taylor Swift ဟာ သူမရဲ့ အရီဇိုးနားပြည်နယ်က ဖျော်ဖြေပွဲကို မလာရောက်နိုင်ခဲ့တဲ့ Naomi Oakes ဆိုတဲ့ သူမရဲ့ အမာခံ ပရိတ်သတ်တစ်ယောက်ကိုလည်း ငွေကြေးလှုဒါန်းခဲ့ပါသေးတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror