Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , ကင်ဆာရောဂါသည် ကလေးငယ်တစ်ယောက်ကို နွေးထွေးမှုတွေပေးခဲ့တဲ့ Taylor Swift

ကင်ဆာရောဂါသည် ကလေးငယ်တစ်ယောက်ကို နွေးထွေးမှုတွေပေးခဲ့တဲ့ Taylor Swift

| No comment




အဆိုတော်မလေး Taylor Swift ဟာ အီတလီနိုင်ငံ အတ္တလန္တာမြို့မှာ ကျင်းပခဲ့တဲ့ သူမရဲ့ Tour ဖျော်ဖြေပွဲမှာ ကျောက်ကပ်ကင်ဆာကို  ဆိုးဆိုးရွားရွား ခံစားနေရတဲ့ Taylor Rayburn ဆိုတဲ့ အသက် ၆နှစ်အရွယ်ကလေးငယ်ကို ကြင်နာမှုတွေပေးခဲ့တာပါ။
Taylor Swift  ရဲ့ မိခင်ဖြစ်သူ Andrea Swift ဟာလည်း ကင်ဆာရောဂါသည်တစ်ယောက်ဖြစ်ပြီး စင်အောက်ကနေ Taylor ရဲ့ ဖျော်ဖြေမှုကို Rayburn  နဲ့ အတူ အားပေးခဲ့ကြတယ်လို့လည်း သိရပါတယ်။

ကလေးငယ်ကို စင်နောက်ကို ခေါ်သွားပြီး Taylor က အကောင်းဆုံးယုယမှုတွေ ပေးခဲ့တာပါ။ သူတို့ထုတ်ပြန်ထားတဲ့ ဓာတ်ပုံထဲမှာတော့ Taylor ဟာ ကလေးငယ်ကို နွေးထွေးမှုအပြည့်နဲ့ ပွေ့ဖက်ထားပြီး ကလေးကလည်း ပျော်ရွှင်နေတာကို အားရဖွယ်တွေ့ရပါတယ်။

ကလေးငယ်ဟာ သူ့ရဲ့မွေးနေ့ကိုတောင် ကျင်းပခွင့်မရခဲ့ရှာဘဲ ဆေးရုံမှာသာ ကုသမှုတွေခံယူရင်း အချိန်ကုန်ခဲ့ရတာပါ။ ဒါပေမယ့် ကလေးငယ်ရဲ့ အမေဟာ Taylor ရဲ့ ပွဲကို လာရောက်ဖို့ လက်မှတ်တွေကို ထူးဆန်းစွာရခဲ့တာပါ။

" ကျွန်မတို့ရဲ့ ကြည့်ခွင့်ရတဲ့ခုံဟာ Taylor ရဲ့ အမေဘေးမှာ ဖြစ်နေတော့ ပိုပြီး အံ့အားသင့်သွားတယ်။ ရှိုးပွဲပြီးတဲ့ အချိန်ကျတော့  ကျွန်မတို့ သားအမိကို စင်နောက်ကို ခေါ်သွားပြီး အခုလို ကလေးငယ်ကို ပျော်ရွှင်အောင် လုပ်ပေးခဲ့တာပါ " လို့  ကလေးငယ်ရဲ့ မိခင် Allison Rayburn က တအံ့တသြ ရှင်းပြသွားခဲ့ပါတယ်။
အဆိုတော်မလေး Taylor Swift ဟာ လှပတဲ့ နှလုံးသားပိုင်ရှင်ဖြစ်ပြီး သူမဟာ ရောက်တဲ့နေရာတိုင်းမှာ အခုလို အပြုအမူတွေကို ပြုလုပ်လေ့ရှိပါတယ်။ သူမဟာ 1989 အယ်လ်ဘမ် Tour ကို စင်ကာပူနဲ့ တရုတ်နိုင်ငံတို့မှာ နိုဝင်ဘာလအတွင်းမှာ  ဖျော်ဖြေအုံးမယ်လို့လည်း သိရပါတယ်။


(Paing A K)

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Dailymail