Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Adele ရဲ့ “25” တေးအယ်လ်ဘမ် ၊ အမေရိက ရဲ့ အရောင်းရဆုံးအဖြစ် စံချိန်တင်

Adele ရဲ့ “25” တေးအယ်လ်ဘမ် ၊ အမေရိက ရဲ့ အရောင်းရဆုံးအဖြစ် စံချိန်တင်

| No comment



Adele ရဲ့ နောက်ဆုံးထွက် အယ်လ်ဘမ် “25” ဟာ ဒီတစ်ပတ်အတွက် အမေရိကန် ပြည်ထောင်စု ရဲ့ အရောင်းရဆုံးအယ်ဘ်ဘမ်အဖြစ် စံချိန်တင်ခဲ့ပါတယ်။

Billboard အရ တနင်္လာနေ့က Nielsen Music က ဒီတေးအယ်ဘမ်ကို နိုဝင်ဘာ ၂၀ ရက်နေ့က ဖြန့်ချိခဲ့တာဖြစ်ပြီး သုံးရက်အတွင်း ခွေပေါင်း 2.433 သန်းကျော် ရောင်းခဲ့ရကြောင်း သိရှိရပါတယ်။

အသက် ၂၇ နှစ်အရွယ် ဗြိတိန်အဆိုတော်က ခွေဖြန့်ချိမှုနဲ့ပတ်သက်ပြီး “ ဒီအချိန်ရောက်လာဖို့ အကြာကြီးလိုပါပဲ။ နောက်ဆုံးတော့ ကျွန်မရဲ့ သီချင်းအယ်လ်ဘမ်အသစ် ထွက်လာပါပြီ။ ကျွန်မကတော့ နောက်ထပ် တေးသံသွင်းတာတွေလုပ်ဖို့ အရမ်းကိုပျော်ရွှင်တက်ကြွနေပြန်ပါပြီ” လို့ စိတ်လှုပ်ရှားစွာ ရေးသားထားတဲ့ ပိုစ့်ကို တွေ့ရမှာဖြစ်ပါတယ်။

 “ကျွန်မ ပရိသတ်တွေလည်း ကျွန်မပျော်သလို ပျော်ရွှင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့လည်း ရေးသားထားပါသေးတယ်။
၂၄ နာရီအတွင်း လူကြည့်အများဆုံး ဗီဒီယိုအဖြစ် စံချိန်တင်ထားတဲ့ Taylor Swift ရဲ့ သီချင်းဗီဒီယိုကို ကျော်လွန်ပြီး သူ့ရဲ့ “25” အယ်လ်ဘမ်မှ ပထမဆုံးထွက်ရှိလာတဲ့ “Hello” တေးဗီဒီယိုက စံချိန်ချိုးသွားခဲ့တာဖြစ်ပါတယ်။

( Michelle )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Upi