ကမ္ဘာကျော် အဆိုတော် Celine Dion နဲ့ Jared Leto တို့ဟာ ပါရီ အကြမ်းဖက်တိုက်ခိုက်မှုမှာ စတေးခဲ့ရတဲ့ အပြစ်မဲ့ ဓါးစာခံတွေနဲ့ ပတ်သက်ပြီး တနင်္ဂနွေနေ့က ပြုလုပ်တဲ့ American Music Award ဆိုတဲ့ အမေရိကန် ဂီတ ဆုပေးပွဲမှာ ဆုတောင်းစကား ပြောကြားခဲ့ကြပါတယ်။
Celine Dion ဟာ အနက်ရောင် ဂါဝန်ကို ၀တ်ဆင်ထားပြီး Edith Piaf ရဲ့ Hymne a L'Amour ဆိုတဲ့ သီချင်းကို Live Orchestra အစီအစဉ်နဲ့ တွဲဖက်ဖျော်ဖြေခဲ့ပါတယ်။ ကင်မရာမန်းက ပရိတ်သတ်တွေထဲကို ဗီဒီယို ရိုက်ကူးပြီး ပြသတဲ့အခါမှာတော့ ပရိတ်သတ်တွေဟာ Screen မှာ ပြသနေတဲ့ တိုက်ခိုက်မှုတွေကို ကြည့်ရင်း မျက်ရည်တွေကျနေခဲ့တာကို တွေ့ရပါတယ်။
Celine Dion ကို မိတ်ဆက် ပွဲထုတ်ခဲ့တဲ့ Jared Leto ကလည်း အပြစ်မဲ့ ဓါးစာခံတွေနဲ့ ပတ်သက်ပြီး ၀မ်းနည်းခြင်း စကား ပြောကြားခဲ့ပြန်ပါတယ်။
30 Seconds To Mars အဖွဲ့ရဲ့ ရှေ့ထွက်အဆိုတော် Jared Leto ဟာ ပါရီအကြမ်းဖက်မှုဖြစ်ပွားခဲ့တဲ့ Eagles of Death Metal အဖွဲ့ရဲ့ ဖျော်ဖြေပွဲညမှာ ရှိနေခဲ့သူ သူငယ်ချင်းတွေ ရဲ့ အမည်ကို ထုတ်ဖော်ပြောပြခဲ့ပါတယ်။ အဲဒီအထဲမှာ Mercury ဓါတ်ပြားတိုက်က ၀န်ထမ်း Thomas Ayed လည်း အပါအ၀င်ဖြစ်ပါတယ်။
"ပြင်သစ် ရဲ့ ကိစ္စ ၊ ရုရှားရဲ့ ကိစ္စ ၊ ဆီးရီးယား ရဲ့ ကိစ္စ ၊ မာလီ ရဲ့ ကိစ္စ ၊ အမေရိကန်ပြည်ထောင်စု ရဲ့ ကိစ္စ။ ဒါဟာ တစ်ကမ္ဘာလုံး ရဲ့ ကိစ္စပါ။ ငြိမ်းချမ်းရေးဆိုတာ ဖြစ်နိုင်ပါတယ် ၊ ဒီထဲက ငါတို့အများစုဟာ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ သားတွေ ၊ သမီးတွေပါ။" လို့ Jared Leto က ပြောပြခဲ့ပါတယ်။
( Mario )
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com
Ref : Mirror