Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Angelina Joile က Brad Pitt နဲ့ ချစ်ခန်းကြိုက်ခန်းတွေ ရိုက်ကူးရတာ တစ်မျိုးကြီးပါပဲလို့ ဆို

Angelina Joile က Brad Pitt နဲ့ ချစ်ခန်းကြိုက်ခန်းတွေ ရိုက်ကူးရတာ တစ်မျိုးကြီးပါပဲလို့ ဆို

| No comment



Angelina Joile က Brad Pitt နဲ့ ချစ်ခန်းကြိုက်ခန်းတွေ ရိုက်ကူးရတာ တစ်မျိုးကြီးဖြစ်နေတယ်လို့ ဆိုပါတယ်။

အသက် ၄၀အရွယ်ရှိပြီဖြစ်တဲ့ မင်းသမီးဟာ နိုဝင်ဘာ ၂၀ရက်နေ့ထုတ် Entertainment Weekly မဂ္ဂဇင်းရဲ့ အင်တာဗျူးတစ်ခုမှာ ခုလိုဝန်ခံဖြေကြားသွားခဲ့တာဖြစ်ပါတယ်။ တကယ့်ဇနီးမောင်နံတွေဖြစ်တဲ့ သူတို့၂ဦးဟာ အချစ်ဒရာမာကားအဖြစ် ထွက်ရှိလာမယ့်By the Sea ရုပ်ရှင်မှာ ခင်ပွန်းနဲ့ဇနီးသည်အဖြစ် သရုပ်ဆောင်ထားကြတာဖြစ်ပါတယ်။

“ကင်မရာသမားတွေ အများကြီးရှေ့မှာ ရေကန်ထဲ အ၀တ်ဗလာနဲ့ရေစိမ်နေပြီး iPad ကိုလည်းသုံးနေချိန်မှာ ကိုယ့်ယောက်ျားက တံခါးဝမှာ လာရပ်တဲ့အခါ အထဲဝင်ခဲ့ဖို့ခေါ်ပြီး ချစ်ခင်ကြည်နူးရတာလောက် ကမ္ဘာပေါ်မှာ ထူးဆန်းတာမရှိပါဘူး” လို့ သူမ ကဆိုပါတယ်။

"ချစ်ခန်းကြိုက်ခန်းတွေက ဘယ်လိုပဲဖြစ်ဖြစ်တော့ ထူးဆန်းတာပါပဲ။ ဒါပေမယ့် အပြင်မှာလည်း တကယ်ချစ်တဲ့ သူနဲ့ ခုလိုအချစ်ခန်းတွေရိုက်ကူးတဲ့အခါ ကျွန်မတို့ အချင်းချင်း ဒါဟာယုတ္တိမရှိတဲ့အကြောင်း ထူးထူးဆန်းဆန်းကြီးဖြစ်မနေအောင်တွေပြောပြီး ရယ်စရာတွေလည်း ပြောနိုင်သလောက်ပြောခဲ့ကြတာပေါ့” လို့လည်း ဆိုပါတယ်။

Pitt ကတော့ V မဂ္ဂဇင်းကို ဇနီးသည်ဖြစ်သူကို “ Knife-sharp” “sexy” စသည်ဖြင့်ခေါ်ဆိုပြီး သူနဲ့အတူတူအလုပ်လုပ်ရတာ ပျော်ကြောင်းဖြေကြားသွားပါတယ်။

၂၀၀၆ ခုနှစ် Mr. & Mrs. Smith ရုပ်ရှင်အပြီး ဒီ By the Sea ရုပ်ရှင်ဟာ ပထမဆုံး စုံတွဲရိုက်ကူးတဲ့ကားဖြစ်ပြီး သောကြာနေ့မှာ ရုံတင်မှာဖြစ်ပါတယ်။

( Michelle )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Upi