ဆယ်ကျော်သက်ကောင်မလေးတို့ရဲ့
အသည်းကျော် Justin Bieber ဟာ ပြင်သစ်နိုင်ငံ
ကိန်းစ်မြို့က စားသောက်ဆိုင်တစ်ခုမှာ သူထိုင်နေတဲ့ခုံကို လှဲချပစ်ခဲ့ပြီး ဒေါသတကြီးနဲ့
ပြန်ထွက်လာခဲ့တယ်လို့ သိရပါတယ်။ ပြင်သစ်ရဲ့ လှပတဲ့စနေ နေ့လည်ခင်းတစ်ခုမှာ မလှပခဲ့တာကတော့
Bieber ပါပဲ။ သူဟာ ထိုင်ရာကထ ထိုင်ခုံကို ပစ်လှဲခဲ့ပြီး အပြင်ကို ပြန်ထွက်လာတယ်လို့
သိရပါတယ်။
သူဟာ ဆိုးသွမ်းတဲ့
အမူအရာတွေကြောင့် လူငယ်ပြုပြင်ရေးစင်တာတွေမှာ ခဏခဏ အပြစ်ပေးခံခဲ့ရပေမယ့် အမှတ်မရှိသေးဘဲ
သူ့ရဲ့ဆိုးသွမ်းမြဲအမူအရာတွေကို ဆက်လက်လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။
သူကတော့ “ ကျွန်တော်က
အကြောင်းမဲ့ မိုက်မဲခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော့် သူငယ်ချင်းဆီက အရမ်းဆိုးဝါးတဲ့ ပုဂ္ဂိုလ်ရေးသတင်းကို
ကြားလိုက်ရလို့ပါ။ ရယ်စရာကောင်းပါတယ်” လို့ ပြောပါတယ်။
သူ့ရဲ့များစွာသောပရိသတ်တွေကတော့အမေရိကကို ပြန်လာနေစေလိုပြီး အေးအေးဆေးဆေးနေဖို့ ဆန္ဒရှိနေကြတယ်လို့
သိရပါတယ်။
( Paing A K )
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com
Ref: Aceshowbiz
( Paing A K )
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com
Ref: Aceshowbiz