Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , အလုပ်တွေအားလုံး ခဏနားပြီး Biker Bar တစ်ခုမှာ အချိန်ဖြုန်းခဲ့တဲ့ Justin Bieber

အလုပ်တွေအားလုံး ခဏနားပြီး Biker Bar တစ်ခုမှာ အချိန်ဖြုန်းခဲ့တဲ့ Justin Bieber

| No comment



Purpose ဆိုတဲ့ တစ်ကိုယ်တော်အခွေ ထွက်တဲ့နေ့မှာပဲ Justin Bieber ဟာသူ့ရဲ့ လုပ်ငန်းတာဝန်တွေကို ခဏနားခဲ့ပြီး ဆိုင်ကယ်သမားတွေရဲ့ ဘား(Biker Bar) တစ်ခုမှာ သွားရောက်အချိန်ဖြုန်းခဲ့တယ်လို့ သိရပါတယ်။

သတင်းအရင်းအမြစ်တွေရဲ့ ပြောကြားချက်တွေအရတော့ "The Late Show with Stephen Colbert" ဆိုတဲ့ အစီအစဉ်ကို တက်ရောက်ဖို့ ပျက်ကွက်ခဲ့တဲ့ Justin Bieber ဟာ သူ့ရဲ့ ကျေးဇူးတော်နေ့ ကို သာမာန် ဖြတ်သန်းမှု မျိုးနဲ့ ပဲ ဖြတ်သန်းချင်ခဲ့ပါတယ်တဲ့။

မီဒီယာတွေရဲ့ မေးမြန်းချက်ကိုတော့ Justin Bieber က Orange ခရိုင်ဘက် ခရီးထွက်မယ်လို့ ပြောခဲ့ပြီးနောက်ဆုံးမှာတော့ သူဟာ Cook's Corner ဆိုတဲ့ အနိမ့်စား Biker Bar တစ်ခုကို သွားရောက်ခဲ့တာဖြစ်ပါတယ်။ သတင်းအရင်းအမြစ်တွေပြောပြတာကတော့ Justin Bieber ဟာ သူ့ရဲ့ သူငယ်ချင်းတွေနဲ့ ဘာဂါ အတူတူစားပြီး ဗီဒီယို ဂိမ်းတွေ ဆော့ခဲ့ကာ နာရီအနည်းငယ်လောက် ကုန်ဆုံးစေခဲ့ပါတယ်တဲ့။

သူဟာ သူ့ရဲ့ သူငယ်ချင်းဟောင်းတွေ ရဲ့ နွေးထွေးစွာ ကြိုဆိုခြင်း ခံခဲ့ရပြီး ဆိုင်ကယ်သမားတစ်ယောက်က Justin Bieber ကိုဆိုင်ကယ်စတန့် မောင်းကြည့်ဖို့ ဖိတ်ခေါ်ခဲ့ပေမယ့် သူကတော့ ငြင်းဆိုခဲ့တယ်လို့ လည်း သိရပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : TMZ