Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , အရင်လို ကြည်နူးစရာကောင်းနေဆဲ ဖြစ်တဲ့ Brad Pitt တို့စုံတွဲ

အရင်လို ကြည်နူးစရာကောင်းနေဆဲ ဖြစ်တဲ့ Brad Pitt တို့စုံတွဲ

| No comment



Brad Pitt နဲ့ Angelina Jolie တို့ စုံတွဲဟာ ဟောလီးဝုဒ် ရဲ့ အလိုက်ဖက်ဆုံးစုံတွဲတွေ ဟုတ်ရဲ့လား?

ဒါပေမယ့် လွှမ်းမိုးမှု အားကောင်းတဲ့ သူတို့ စုံတွဲဟာ ဓါတ်ပုံဆရာ Peter Lindbergh ရဲ့ Vanity Fair မဂ္ဂဇင်းအတွက် Portrait ဓါတ်ပုံ များစွာ ကို ရိုက်ကူးခဲ့ကြပါတယ်။ ထို ဓါတ်ပုံတွေကတော့ အရမ်းကို နှစ်လိုဖွယ်ကောင်းနေခဲ့ပါတယ်။

မကြာသေးခင်ကပဲ သူမနဲ့ Brad Pitt တို့ စုံတွဲဟာ အခြားအတွဲတွေလိုပဲ ရန်ဖြစ်လေ့ရှိပြီး အမြဲတမ်း ပြန်အဆင်ပြေသွားတယ်လို့ ၀န်ခံထားတဲ့ Angelina Jolie ဟာ သူမခင်ပွန်းဖြစ်သူ Brad Pitt ရဲ့ ရင်ဘတ် ပေါ်မှီပြီး ကြည်နူးဖွယ် မြင်ကွင်းလေးကို ဓါတ်ပုံရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။ မုတ်ဆိတ်မွှေးတွေနဲ့ တည်ကြည်ခန့်ညားနေတဲ့ Brad Pitt ကတော့ Jolie ရဲ့ ခေါင်းလေးကို သူ့ရဲ့ ပါးနဲ့ ထိကပ်စေထားပါတယ်။

အနုပညာ လှုပ်ရှားမှုတွေအနေနဲ့ကတော့ Jolie တို့စုံတွဲဟာ By The Sea ဆိုတဲ့ ရုပ်ရှင်ကို ပရိုးမိုးရှင်း ပြုလုပ်နေကြပြီး သူတို့ရဲ့ မိသားစု အခြေအနေတွေနဲ့ပတ်သက်ပြီးတော့လည်း အင်တာဗျူးတွေ ဖြေကြားပေးနေတယ်လို့ သိရပါတယ်။ အင်တာဗျူးတစ်ခုမှာလည်း အသက် ၄၀ အရွယ် Jolie က သူမရဲ့ခင်ပွန်းဖြစ်သူ Brad Pitt နဲ့ ချစ်တင်းနှောတဲ့ ဇာတ်ဝင်ခန်းတွေ ရိုက်ရတာဟာ ထူးဆန်းတဲ့ ခံစားမှု တစ်မျိုး ဖြစ်စေတယ်လို့ ၀န်ခံထားပါသေးတယ်။

အဲဒီလို ချစ်ကြိုက်ခန်းတွေ ရိုက်တဲ့အခါမှာ တုန်လှုပ် စိတ်ပူနေခဲ့တာ Jolie တစ်ယောက်တည်း မဟုတ်ပါဘူး။ အသက် ၅၁ နှစ်အရွယ် Brad Pitt ဟာလည်း သူ့ရဲ့ ဇနီးသည် အ၀တ်မပါတဲ့ အနေအထားကို ဘယ်သူမှ မတွေ့အောင် လိုက်ဖုံးကွယ်နေပါတယ်တဲ့။

"ကျွန်မဟာမော်နီတာကို သွားကြည့်ဖို့ ရေချိုးကန်ထဲက ထွက်လို့မရပါဘူး။ ဘာလို့ဆိုတော့ ဒါရိုက်တာ ဖြစ်တဲ့ ကျွန်မကိုယ်တိုင်က အ၀တ်ဗလာ နဲ့ ဖြစ်နေတဲ့အတွက်ပါ။ ဒါပေမယ့် ကျွန်မတို့ဟာ အနုပညာ သမားတွေပါ ၊ ကျွန်မတို့ ပွင့်လင်းဖို့လိုပါတယ်။ Brad Pitt ကတော့ သူ့မိန်းမကို သ၀န်တိုပြီး ကျွန်မကို တပတ် နဲ့ လိုက်ကာပေးနေခဲ့ပါတယ်" လို့ Jolie က ရှင်းပြခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror