Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , မိသားစု အခြေအနေက ပရမ်းပတာ နိုင်ပေမယ့် ပျော်ဖို့ကောင်းတယ်ဆိုတဲ့ Brad Pitt

မိသားစု အခြေအနေက ပရမ်းပတာ နိုင်ပေမယ့် ပျော်ဖို့ကောင်းတယ်ဆိုတဲ့ Brad Pitt

| No comment



ဟောလီးဝုဒ် မင်းသားကြီး Brad Pitt ဟာ သူ့ရဲ့ ပျော်ရွှင်ဖွယ်ရာ အိမ်တွင်းရေး အကြောင်းတွေကို ဖွင့်ဟ ပြောပြလာပါတယ်။

Brad Pitt ဟာ ဟောလီးဝုဒ် မင်းသမီး Angelina Jolie နဲ့ ၂၀၀၄ ခုနှစ်က Mr & Mrs Smith ဇာတ်လမ်းရိုက်ကွင်းမှာ စတင်တွေ့ဆုံခဲ့ကြပြီး အသက် ၁၄ နှစ်အရွယ် Maddox ၊ အသက် ၁၁ နှစ်အရွယ် Pax ၊ အသက် ၁၀ နှစ်အရွယ် Zahara ၊ အသက် ၉ နှစ်အရွယ် Shiloh နဲ့ အသက် ၇ နှစ်အရွယ် အမြွှာ ၂ ယောက်ဖြစ်တဲ့ Knox နဲ့ Vivienne စတဲ့ ကလေး ၆ ယောက်ကို မွေးစားခဲ့ပြီး ပျော်ရွှင်တဲ့ မိသားစု ဘ၀ တစ်ခုကို တည်ထောင်ခဲ့ကြပါတယ်။

"အချစ်တွေတော့ အများကြီးပဲ ၊ ရန်ဖြစ်တာလည်း အများကြီးပဲ ၊ ဆုံးဖြတ်ချက်တွေလည်း အများကြီးပဲ ၊ သွားတိုက်ရင်လည်း အများကြီးပဲ ။ တော်တော်လေး ပရမ်းပတာ နိုင်ပါတယ်။ ဒါပေမယ့် အရမ်းပျော်ဖို့ကောင်းပါတယ်" လို့ Brad Pitt က ဆိုပါတယ်။

ကလေးတွေမျက်နှာကို မြင်လိုက်ရမှာ ကိုယ့်ကိုကိုယ် ဘယ်လောက်ချစ်တတ်တယ်ဆိုတာ သိသွားတယ် လို့ဆိုတဲ့ Brad Pitt က ကြီးမားတဲ့ မိသားစု တစ်ခုအကြောင်းကိုပြောကြတဲ့အခါမှာတော့ သူ့ရဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေမှာလည်း ညီအစ်ကို မောင်နှမ များစွာရှိကြပြီး သူတို့တွေဟာလည်း ကြီးမားတဲ့ မိသားစု တစ်ခုမှာ နေရတာ ပျော်ကြတယ်လို့လည်း ဆိုပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror