Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , အဖေတူ သားဖြစ်လာဖို့ ကြိုးစားနေတဲ့ Brooklyn Beckham

အဖေတူ သားဖြစ်လာဖို့ ကြိုးစားနေတဲ့ Brooklyn Beckham

| No comment



Brooklyn Beckham ဟာ အသက် ၁၆ နှစ်သာရှိသေးပေမယ့် သူ့ရဲ့ အသက်အရွယ်ဟာ အားကစားခန်းမ မှာ ပုံမှန် ရောက်နေခြင်းကို မရပ်တန့်နိုင်စေခဲ့ပါဘူး။

Victoria Beckahm နဲ့ David Beckham တို့ရဲ့သားဟာ သူ့ရဲ့နောက်ဆုံးတင်ထားတဲ့ Instagram ဓါတ်ပုံကိုကြည့်ပြီး အဖေတူ သားတစ်ယောက်ဖြစ်ဖို့ ကြိုးစားနေတယ်ဆိုတာ သေချာသွားပါတယ်။

Brookly Beckham တင်ထားတဲ့ အဖြူအမည်း ဓါတ်ပုံမှာ သူဟာ စွပ်ကျယ် အကျီင်္နဲ့ အတူ တောင့်တင်းတဲ့ ခန္ဓာကိုယ်ကြွက်သားတွေကို ဖော်ပြထားပြီး ချွေးသံ တရွှဲရွှဲ ဖြစ်နေပုံပါ။ သူ့ရဲ့ စစ်တပ်တစ်တပ်စာလောက်ရှိတဲ့ ဆယ်ကျော်သက် ပရိတ်သတ်တွေကတော့ ချီးကျူးထားတဲ့ ကွန်မန့်တွေ ၀ိုင်းပေးခဲ့ကြပြီး တစ်ယောက်က "အရမ်းချိုသာပါတယ်ဘုရားသခင်" လို့ဆိုထားပြီး ၊ နောက်တစ်ယောက်ကတော့ "သူဟာ အိပ်မက်တစ်ခုပဲ" လို့ ကွန်မန့်ရေးသားထားပါတယ်။

Brooklyn Beckham ဟာ တစ်ဖြည်းဖြည်း နဲ့ ပရိတ်သတ်များစွာရဲ့ စိတ်ဝင်စားမှုကို Instagram က တစ်ဆင့် ရရှိနေပြီး သူ့ရဲ့ မိဘတွေထက်ပင် ကျော်ကြားနေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

သူဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း မိခင်ဖြစ်သူ Victoria Beckam နဲ့အတူ ၂၀၁၅ Glamour Women of the Year ဆိုတဲ့ ဆုပေးပွဲကို တက်ရောက်ခဲ့ပါသေးတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror