Caitlyn Jenner ဟာ ကြာသပတေးနေ့က လှုမှုရေး အခမ်းအနားတစ်ခုက အပြန်မှာ လိင်ပြောင်းထားတဲ့ ဆန္ဒထုတ်ဖော်သူတွေရဲ့ဒေါသတကြီး ဆန္ဒပြနေမှုကို ရင်ဆိုင်ခဲ့ရပါတယ်။
ချီကာဂို မြို့မှာ ပြုလုပ်တဲ့ လိင်တူဆက်ဆံခြင်းကိုထောက်ခံခြင်းအဖွဲ့အစည်း LGBT ရဲ့ ရန်ပုံငွေ အခမ်းအနားတစ်ခုမှာ မိန့်ခွန်းပြောပြီးတဲ့အချိန်မှာ ဒီအဖြစ်အပျက်တွေ ဖြစ်ပေါ်ခဲ့တာပါ။
အိုလံပစ်ကစားသမား ဟောင်းတစ်ယောက်ဖြစ်တဲ့ Caitlyn Jenner ဟာ ဆန္ဒထုတ်ဖော်သူတွေနဲ့ စကားပြောဖို့ ကြိုးစားခဲ့ပေမယ့်လည်း ဆန္ဒထုတ်ဖော်သူတွေကတော့ မကျေမနပ်ဖြစ်ခဲ့ကြတဲ့အတွက် Cait လည်း ထို နေရာက အလျင်အမြန်ရှောင်ထွက်လာခဲ့ရပါတယ်။
ထို ဆန္ဒထုတ်ဖော်သူတွေထဲက တစ်ယောက် က အော်ဟစ်ခဲ့တာကတော့ "မင်းဟာ လိင်ပြောင်းထားသူတွေကို စော်ကားတယ် ။ မင်းဟာ အမျိုးသမီးတွေကို စော်ကားတယ်" လို့ အော်ဟစ်ခဲ့ကြပါတယ်။ Showbiz Shelly က ရိုက်ကူးတင်ဆက် တဲ့ ဗီဒီယို ထဲမှာတော့ တစ်ယောက် "မင်းမှာ ငါတို့ကို ကိုယ်စားပြုဖို့ အခွင့်အရေး မရှိဘူး" လို့ အော်ဟစ်နေတာကိုလည်း တွေ့ရပြန်ပါတယ်။
ထို ဆန္ဒထုတ်ဖော်မှု ကို ဦးဆောင်ခဲ့တာကတော့ " I Ain't Cait" လို့ခေါ်တဲ့ အဖွဲ့ကဖြစ်ပြီး သူတို့ အခုလို ဆန္ဒထုတ်ဖော်ခဲ့ရတဲ့အကြောင်းအရင်းက Caitlyn Jenner ပြောခဲ့ဖူးတဲ့ လူမှုရေးဆိုင်ရာ နေထိုင်မှု ပြသနာ အကြောင်းကို မကျေနပ်လို့ တိုက်ခိုက်ကြတာ ဖြစ်တယ်လို့ သိရပါတယ်။
Caitlyn Jenner ပြောဖူးတဲ့အကြောင်းအရာကတော့ လိင်ပြောင်းထားတဲ့ လူတစ်ယောက်ဟာ ပျမ်းမျှအားဖြင့် အိမ်ခြေယာခြေမဲ့ဖြစ်ဖို့ ၄၁ ရာခိုင်နှုန်း ရှိနေပြီး ၅၀ ရာခိုင်နှုန်းခန့်ဟာ တစ်နှစ်ကို ဒေါ်လာ တစ်သောင်း မပြည့်တဲ့ ၀င်ငွေ ကို သာ ရရှိနေချိန်မှာ Caitlyn Jenner ဟာ ခြံဝန်းနဲ့နေအိမ်ကိုပိုင်ဆိုင်ပြီး ဒေါ်လာ သန်းပေါင်းများစွာ ကြွယ်ဝချမ်းသာနေတာကြောင့်ပါ။
ဆန္ဒပြသူတွေဟာ ဒါကြောင့် "Caitlyn Jenner ဟာ လိင်ပြောင်းလဲထားတဲ့ သူတွေကို ကိုယ်စားမပြုဘူး" လို့ အော်ဟစ်ခဲ့တာ ဖြစ်ပါတယ်။
( Mario )
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com
Ref : Mirror