Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , အိမ်ထောင်သက် ၁၅ နှစ်ပြည့်ခဲ့တဲ့ Catherine Zeta-Jones နဲ့ Michael Douglas

အိမ်ထောင်သက် ၁၅ နှစ်ပြည့်ခဲ့တဲ့ Catherine Zeta-Jones နဲ့ Michael Douglas

| No comment



လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ခေတ္တ လမ်းခွဲထားတာက လွဲရင် Catherine Zeta-Jones နဲ့ Michael Douglas တို့ဟာ အရှည်ကြာဆုံး တွဲခဲ့တဲ့ ဟောလီးဝုဒ် စုံတွဲ တစ်တွဲ ပဲ ဖြစ်ပါတယ်။

၁၉၉၈ ခုနှစ်က ရုပ်ရှင်ပွဲတော်တစ်ခုမှာ Danny Devito ရဲ့ မိတ်ဆက်ပေးမှုနဲ့ မင်းသမီးဖြစ်လာခဲ့တဲ့ Catherine Zeta-Jones ဟာ ၂၀၀၀ ခုနှစ် နိုဝင်ဘာလ မှာ မင်္ဂလာဆောင်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာတော့ သူမဟာ သူမရဲ့ ခင်ပွန်းဖြစ်သူ Michael Douglas ကို မင်္ဂလာသက်တမ်း ၁၅ နှစ်ပြည့် အတွက် လူမှု မီဒီယာ မှာ ဆုတောင်းပေးခဲ့တာပဲ ဖြစ်ပါတယ်။

Catherine ဟာ သူမ နဲ့ ခင်ပွန်းသည်ရဲ့ ဓါတ်ပုံကို Instagram မှာတင်ခဲ့ပြီး ထို ဓါတ်ပုံထဲမှာတော့ Catherine Zeta-Jones က ကင်မရာကိုကြည့်နေကာ Michael Douglas ကတော့ သူမရဲ့ နဖူးကို နမ်းနေတဲ့ ချစ်စရာ ဓါတ်ပုံလေးပဲ ဖြစ်ပါတယ်။

"ပျော်ရွှင်စရာ နှစ်ပတ်လည်ပါ မိုက်ကယ် ၊ ငါတို့ဘ၀တွေကို အတူတူချစ်မြတ်နိုးရအောင် ၊ အခုကစပြီးနောက်ထပ်၁၅နှစ်အထိ" လို့ သူမက ထို ဓါတ်ပုံနဲ့ အတူရေးသားထားပါသေးတယ်။

သူတို့ ဇနီးမောင်နှံဟာ ၂၀၁၂ ခုနှစ် သြဂုတ်လ မှာ ခေတ္တ ပြတ်စဲသွားခဲ့ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက US Open တင်းနစ်ပြိုင်ပွဲကို လာရောက်ကြည့်ရှုစဉ်တုန်းကတော့ Michael Douglas ရော ၊ Catherine Zeta-Jones ပါ အရင်ထက် ပိုပြီး ပျော်ရွှင်နေတာကို တွေ့ရပါတယ်။

ဒီ ဟောလီးဝုဒ် စုံတွဲမှာ ကလေး ၂ ယောက်ရှိပြီး အသက် ၁၅ နှစ်အရွယ် Dylan နဲ့ အသက် ၁၂ နှစ်အရွယ် Carys တို့ပဲ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror