Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , သေဘာၤသား ဇာတ်လမ်းအတွက် အပြင်းအထန် ၀ိတ်ချခဲ့ရတဲ့ Chris Hemsworth

သဘောင်္သား ဇာတ်လမ်းအတွက် အပြင်းအထန် ၀ိတ်ချခဲ့ရတဲ့ Chris Hemsworth

| No comment




ဟောလီးဝုဒ်မင်းသားတစ်ယောက်ဖြစ်တဲ့ Chris Hemsworth က ပြောပြခဲ့တာက သူ့အနေနဲ့ လက်ရှိရိုက်ကူးနေတဲ့ In The Heart of the Sea ဆိုတဲ့ ဇာတ်လမ်းထဲက ဗိုက်ဆာလွန်းလို့ သေဘာၤေပၚမွာ လူသားစားခဲ့တဲ့ သေဘာၤသား ဇာတ်ကောင်ကို သရုပ်ဆောင်ဖို့ အပြင်းအထန် ၀ိတ်လျှော့ခဲ့ရတယ်လို့ သိရပါတယ်။

အသက် ၃၂ နှစ်ရှိနေပြီဖြစ်တဲ့ သြဇီ မင်းသား Chris Hemsworth ဟာ ထို ၀ိတ်ချထားတဲ့ ဓါတ်ပုံတစ်ပုံကို Instagram မှာ တင်ခဲ့ပြီးတဲ့နောက် ဒီတစ်ပတ်အတွက် ခေါင်းစီးသတင်းဖြစ်လာခဲ့ပါတယ်။

Ron Howard ရိုက်ကူးထားတဲ့ ထို သဘောင်္သား ရုပ်ရှင်ထဲမှာတော့ ၁၈၂၀ ခုနှစ်ဝန်းကျင် အချိန်တွင် သဘောင်္သား အဖွဲ့သားတွေဟာ ဝေလငါးတစ်ကောင်ကြောင့် သဘောင်္ ပျက်သွားပြီးနောက် ပင်လယ်ထဲမှာ ရက်ပေါင်း ၉၀ တိတိ အသက်ရှင်ဖို့ ရုန်းကန်ခဲ့ရပုံ တွေကို ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းဟာ စာရေးဆရာ Herman Melville ရဲ့ Moby-Dick ဆိုတဲ့ ၀ထ္ထုစာအုပ်ကို အခြေခံ ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။

"ငါတို့အလုပ်ဟာ လွယ်တော့မလွယ်ပါဘူး။ ငါတို့တွေ ဒုက္ခရောက်ခဲ့ရတယ် ၊ စိတ်တိုခဲ့ရတယ် ၊ ခံစားခဲ့ရတယ် ပြီးတော့လည်း အဃာတ တစ်ခုလို ၊ အလင်းဖောက်နိုင်တဲ့အရာတစ်ခုလို ၊ ယုံကြည်မှု တစ်ခုလို ဖြစ်ခဲ့ရပါတယ်။ အကယ်၍ သင်ဟာ သင်သရုပ်ဆောင်ခဲ့တာကို မှတ်မိတယ်ဆိုရင် သင်တော်တော် ထူးချွန်လို့ပါ" လို့ ထိုဇာတ်လမ်းရဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ အသက် ၃၃ နှစ်အရွယ် Ben Walker က ဆိုပါတယ်။

Hemsworth ကတော့ သူတို့ သရုပ်ဆောင်ခဲ့တာတွေနဲ့ ပတ်သက်ပြီး ဆန်းကြယ်တယ် လို့ ရယ်မော ပြောဆိုခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Upi