Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ရော့ခ်အဆိုကျော်အဖွဲ့ Coldplay အယ်လ်ဘမ်သစ်ဖြန့်တော့မှာလား???

ရော့ခ်အဆိုကျော်အဖွဲ့ Coldplay အယ်လ်ဘမ်သစ်ဖြန့်တော့မှာလား???

| No comment




ရော့ခ်အဆိုကျော်အဖွဲ့ Coldplay ဟာ သူတို့ရဲ့ အယ်လ်ဘမ်သစ်ဖြစ်တဲ့ "A Head Full of Dreams" ကို မကြာခင်အချိန်အတွင်းမှာပဲ ဖြန့်ချိတော့မယ်လို့ သိရပါတယ်။ အယ်လ်ဘမ်ရဲ့ တံဆိပ်လို့ ထင်ရတဲ့ ရောင်စုံအဝိုင်းတွေ ပါဝင်တဲ့ တံဆိပ်တစ်ခုနဲ့ December 4 ဆိုတဲ့ စာတန်းပါပိုစတာတွေကို မြေအောက်ရထားဘူတာတွေမှာ လိုက်လံထားရှိထားတာပါ။


 Coldplay အဖွဲ့ကတော့ တရားဝင်ပြောဆိုထားတာမျိုး မရှိသေးပေမယ့် သူတို့ရဲ့ ပရိသတ်တွေကတော့ ပိုစတာပါ တံဆိပ်ဟာ ပြီးခဲတဲ့လက ပြုလုပ်ခဲ့တဲ့ Global Citizen Festivalှာ အဖွဲ့ရဲ့ ရှေ့ထွက်အဆိုတော် Chris Martin ဝတ်ဆင်ထားတဲ့ တီရှပ်အင်္ကျီ ရင်ဘက်တံဆိပ်နဲ့ ဆင်တူဖြစ်နေတာကြောင့် ပရိသတ်တွေက အယ်လ်ဘမ်သစ်ကို ဖြန့်တော့မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။



"A Head Full of Dreams" အယ်လ်ဘမ်ဟာ မနှစ်က ထွက်ရှိခဲ့တဲ့ “Ghost Stories” နောက် ထပ်ထွက်မယ့် အယ်လ်ဘမ်သစ်ဖြစ်ပြီး ၂၀၁၅ နှစ်ကုန်ပိုင်းမှာ ထွက်ရှိမယ်လို့ ကြေညာခဲ့ပေမယ့် အဖွဲ့ကတော့ ရက်ကို အတိအကျ ကြေညာခြင်းမရှိသေးပါဘူး။ဒီအယ်လ်ဘမ်ဟာ အဖွဲ့ရဲ့ နောက်ဆုံးအယ်လ်ဘမ်ဖြစ်နိုင်ပါတယ်လို့ Chris Martin ကဖြေကြားခဲ့ဖူးပါတယ်။


( Paing A K )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref: Aceshowbiz