Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Deadpool ဇာတ်ကားဟာ ယောင်္ကျား ၊ မိန်းမ ခွဲခြားထားခြင်းမရှိကြောင်း ဒါရိုက်တာTim Miller ပြော

Deadpool ဇာတ်ကားဟာ ယောင်္ကျား ၊ မိန်းမ ခွဲခြားထားခြင်းမရှိကြောင်း ဒါရိုက်တာTim Miller ပြော

| No comment



Deadpool ရုပ်ရှင်ဒါရိုက်တာ Tim Miller က ဒီရုပ်ရှင်မှာပါဝင်တဲ့ လူစွမ်းကောင်းဟာ ကြည့်ရှုသူ ယောကျာ်းမိန်းမမရွေး လူတိုင်းကို စွဲဆောင်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဇာတ်ရုပ်ဟာ လိင်ပိုင်းဆိုင်ရာစွဲဆောင်အားပြင်းသလားလို့ မေးတဲ့အခါမှာတော့ Miller က “ အားလုံးကိုဆွဲဆောင်နိုင်မှာပါ! Pansexual Deadpool လို့ ကျွန်တော်က နာမည်တပ်ချင်ပါတယ်” လို့ Collider.com ကို ဖြေကြားထားပါတယ်။

 “ ဒီရုပ်ရှင်မှာ ချစ်တင်းနှောတဲ့ ဇာတ်ဝင်ခန်းတွေပါမှာကတော့ သေချာပါတယ်။ ဒါဟာ နည်းနည်းတော့ ပိုနေပါလိမ့်မယ်။ ရုပ်ပြကာတွန်းကို ပြန်လည်ဆန်းသစ်ထားတဲ့ ရုပ်ရှင်ဖြစ်ပြီး ခုချိန်ထိတော့ အားလုံးအေးဆေးပါပဲ။ တစ်နေကုန် ဓါတ်ပုံတွေ ရိုက်ခဲ့ပြီးပြီ။ Deadpool ဇာတ်ကားထဲက လုံးဝရူးသွပ်သွားစေမယ့် အရာတွေအပြင် တခြားထူးခြားတာတွေလည်း ပါတယ်။ ဖြည်းဖြည်းနဲ့တော့ ထွက်လာမှာပါ။” လို့ သရုပ်ဆောင် Ryan Reynolds က ပြောပြထားပါသေးတယ်။

Marvel ရဲ့ရုပ်ပြကာတွန်း အခြေခံရိုက်ကူးထားပြီး Morena Baccarin , Ed Skrein , T.J. Miller နဲ့ Gina Carano တို့ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီဇာတ်ကားကို လာမယ့် ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ရုံတင်ပြသနိုင်ဖို့ စီစဉ်ထားပါတယ်။

( Michelle )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Upi