ဟောလီးဝုဒ် သရုပ်ဆောင် Demi Moore ဟာ သူမရဲ့ လော့အိန်ဂျလိစ် နေအိမ်ကို တိရိစ္ဆာန် ကုဆရာဝန် တစ်ယောက်ကို ဖိတ်ခေါ်ပြီး တရုတ် အိပ်စိုက်ကုထုံးနဲ့ သူမရဲ့ ခွေးလေးကို ဆေးကုသ ပေးခဲ့ရတယ်လို့ သိရပါတယ်။
US Weekly သတင်းဌာနက ဖော်ပြထားတာကတော့ အသက် ၅၃ နှစ်အရွယ် မင်းသမီးဟာ သူမရဲ့ ချီဝါးဝါး ခွေးလေး Vida Blue ကို အပ်စိုက်ကုထုံးနည်းနဲ့ ဆေးကုသပေးဖို့အတွက် ၇၁၅ ဒေါ်လာ ကုန်ကျခဲ့တယ်ဆိုတာပါ။ သတင်းအရင်းအမြစ်တစ်ဦးက ပြောပြခဲ့တာကတော့ ဒါဟာ Demi Moore အနေနဲ့လုပ်ကိုလုပ်ရမယ့် အလုပ်ဖြစ်ခဲ့ညီ့း သူမရဲ့ ခွေးလေး နေမကောင်းဖြစ်နေခြင်းအတွက် အခြား ဖြေရှင်းစရာ နည်းလမ်းမရှိခဲ့ဘူးလို့ သိရပါတယ်။
"သူမရဲ့ ခွေးလေးကိုတော့ ဘာအမှားမှ မလုပ်မိခဲ့ပါဘူး. သူမဟာ ခွေးလေးအတွက် သူမလိုပဲ အစားအစာ အကောင်းစား တွေနဲ့ ဆေးဝါးအကောင်းစား တွေပဲ တိုက်ကျွေးနေခဲ့တာပါ" လို့ အတွင်းလူတစ်ဦးက US Weekly သတင်းဌာနကို ပြောပြပါတယ်။
Patrick Mahaney ဆိုတဲ့ တိရိစ္ဆာန် အထူးကု ဆရာဝန်ဟာ "Real Housewives of Beverly Hills" ဇာတ်လမ်းတွဲ ရဲ့ ကြယ်ပွင့် Lisa Vanderpump ရဲ့ ပိုမီရေးနီးယန်း ဆိုတဲ့ ခွေးလေးကို ကုသပေးခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။
လက်ရှိမှာတော့ Demi Moore ဟာ နယူးယော့ခ် မြို့တော်မှာ Alec Baldwin နဲ့အတူ Blind ဆိုတဲ့ ရုပ်ရှင် ဇာတ်လမ်းကို ရိုက်ကူးနေပါတယ်။ Baldwin ဟာ ထိုဇာတ်လမ်းထဲမှာတော့ ဇနီးသည်သေဆုံးခဲ့ရတဲ့ ယာဉ်တိုက်မှုကနေ မျက်စိကွယ်သွားရပြီး Demi Moore သရုပ်ဆောင်တဲ့ ဇာတ်ရုပ်နဲ့ မေတ္တာမျှ သွားတဲ့ ဇာတ်လမ်းမျိုးပဲ ဖြစ်ပါတယ်။ Blind ဇာတ်လမ်းဟာ ၂၀၁၆ ခုနှစ်မှာ စတင်ရုံတင်ပြသမှာ ဖြစ်ပါတယ်။
( Mario )
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com
Ref : Starpulse